
ကယားပြည်နယ်ရှိ အင်အားကြီးပါတီနှစ်ခုဖြစ်သည့် လက်ရှိအာဏာရပါတီ NLD နှင့် ပြည်ခိုင်ဖြိုးပါတီကို ယှဉ်ပြိုင်ရန်အတွက် ဒေသခံလူငယ်အများစုပါဝင်သည့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ KySDP က သေသေချာချာ ပြင်ဆင်ထားသည်ကို တွေ့မြင်ရသည်။ ဗိုလ်ချုပ်ကြေးရုပ်ဆန့်ကျင်ဆန္ဒပြမှုဖြင့် လူသိများလာသော ကရင်နီလူငယ် ကိုဒီးဒီသည်လည်း KySDP အတွက် ဖရူဆိုမြို့နယ်မှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ကယားပြည်သူများ၏အသံကို ပိုမိုထိရောက်အောင် လွှတ်တော်မှတစ်ဆင့် ဖော်ဆောင်ပေးသွားမည်ဟု ဆိုသည်။
သတင်းနှင့် ရိုက်ကူး – ကေဇွန်နွေး/Myanmar Now
[youtube https://youtu.be/SfvyhyzBxxg]