အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

တအာင်းတပ် ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ အခြေအနေ

တရုတ်-မြန်မာနယ်စပ်၊ မူဆယ်ခရိုင်ထဲက နမ့်ခမ်းမြို့တွင်းနေရာအနှံ့မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA စစ်သားတွေ အပြည့်နေရာယူထားကြပါတယ်။ အခုဆိုရင် လုံခြုံရေးအပြင် မနေ့ နိုဝင်ဘာ ၁၅ ရက်နေ့က စတင်ပြီး TNLA တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေနဲ့ ပူးပေါင်းပြီး မြို့သန့်ရှင်းရေးအတွက် အမှိုက်သိမ်းနေကြတာကိုလည်း တွေ့ရပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ရက်သတ္တပတ် ၃ ပတ်အတွင်းမှာ အနည်းဆုံး မြို့ကြီး ၉ မြို့ကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထားနိုင်ပါပြီ။ အာဏာသိမ်းစစ်တပ် လက်လွှတ်လိုက်ရတဲ့ မြို့တွေကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ချင်းရွှေဟော်၊ ပန်ဆိုင်း၊ မုန်းကိုး၊ နမ့်ခမ်း၊ သိန္နီနဲ့ ကွမ်းလုံမြို့၊ စစ်ကိုင်းတိုင်းထဲက ကောလင်းနဲ့ ခမ်းပတ်မြို့၊ ချင်းပြည်နယ်က ရိဒ်ခေါဒါရ်မြို့တို့ပဲ ဖြစ်ပါတယ်။

ရိုက်ကူး၊ တင်ဆက် – မြတ်ပန်း၊ စထွန်းအောင်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles