အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

လွိုင်ကော်တွင် ပိတ်မိနေသည့် အရပ်သားများကို အရေးပေါ် ရွှေ့ပြောင်းပေး

ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသည့် ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်တွင် တိုက်ပွဲများအကြား ပိတ်မိနေသည့် အရပ်သားများကို မြို့ခံကယ်ဆယ်ရေးအဖွဲ့နှင့် တော်လှန်ရေးတပ်ဖွဲ့မှ ကယ်ဆယ်ရေးသမားများက အရေးပေါ် ရွှေ့ပြောင်းပေးနေသည်။ နိုဝင်ဘာ ၁၁ ရက်နေ့က စတင်သည့် မြို့သိမ်းတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း နောက်ဆုံးရရှိထားသည့် စာရင်းများအရ သိရသည်။ နိုဝင်ဘာ ၁၅ အထိ လွိုင်ကော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့က အလုံးစုံ သိမ်းပိုက်နိုင်ခြင်း မရှိသေးသော်လည်း လွိုင်ကော်တက္ကသိုလ်ဝင်းအတွင်း တပ်စွဲထားသော စစ်သား ၃၀ ကျော် လက်နက်ချ ပူးပေါင်းခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဓာတ်ပုံ၊ ရုပ်သံနှင့်တကွ ယနေ့ ထုတ်ပြန်ထားသည်။

ရိုက်ကူး၊ တင်ဆက် – အက်စတာဂျေ၊ ဟန်သစ်

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/registe… လှူဒါန်းနိုင်ပါသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button