ရုပ်သံသတင်း

ရိုဟင်ဂျာတွေ ပြန်ခေါ်ဖို့ စစ်ကောင်စီ ကြိုးပမ်းနေတာ ဘာကြောင့်လဲ

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ ကိုယ်စားလှယ်အဖွဲ့ဟာ ကော့ဘဇားခရိုင်၊ တက္ကနပ်မြို့ကို မနေ့ အောက်တိုဘာ ၃၁ ရက်နေ့က ရောက်ရှိလာပြီး ရိုဟင်ဂျာဒုက္ခသည်တချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ကာလကြာ ရပ်တန့်နေတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကို တရုတ်က ကြားဝင်ဆောင်ရွက်နေတာပါ။ ဒီနှစ်အတွင်း ရိုဟင်ဂျာ ၇၀၀၀ ကျော်လောက်ကို ပြန်ခေါ်မယ်လို့ စစ်ကောင်စီဘက်က ပြောထားပေမဲ့ အခုနှစ်ကုန်ခါနီးအထိ တစ်ယောက်မှ ပြန်မခေါ်နိုင်သေးပါဘူး။ မိသားစု ၈၄ စုကို ကိုယ်စားပြုတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့ဆုံပြီး ပြန်လည်လက်ခံရေးအစီအစဉ်ကို စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့က ရှင်းပြခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ရိုဟင်ဂျာတွေ အစဉ်တစိုက် တောင်းဆိုနေတဲ့ နိုင်ငံသားအခွင့်အရေးပေးဖို့၊ လုံခြုံရေးအာမခံချက်ပေးဖို့နဲ့ မူလနေရာမှာ ပြန်လည်နေရာချထားပေးဖို့ကိုတော့ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့က ကတိပေးနိုင်တာ မရှိဘူးလို့ အဲ့ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့သူတစ်ဦးက ပြောပါတယ်။

ရိုက်ကူး – Mohammed Zonaid

Show More

Related Articles

Back to top button