အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ရှမ်းမြောက် တိုက်ပွဲအခြေအနေ တအာင်းတပ် TNLA နှင့် ဆက်သွယ်မေးမြန်းချက်

ညီနောင်တပ်ဖွဲ့များဖြစ်သော ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA နှင့် ရက္ခိုင့်တပ် AA တို့က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းများကို တစ်ပြိုင်နက် တိုက်ခိုက်ခြင်းဖြင့် ‘၁၀၂၇ စစ်ဆင်ရေး’ ကို ယနေ့ (အောက်တိုဘာ ၂၇) နံနက်အစောပိုင်းက စတင်လိုက်သည်။ နံနက်အစောပိုင်းတွင် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့၊ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ်ရှိရာ ချင်းရွှေဟော်မြို့တို့အပြင် နောင်ချို၊ ကျောက်မဲ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်၊ ကွမ်းလုံ၊ မုံးကိုးနှင့် နန့်ကျွမ်း ဒေသတို့ရှိ စစ်ကောင်စီတပ်စခန်းများကို အထက်ပါ တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲအခြေအနေများနှင့် ပတ်သက်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပြောရေးဆိုခွင့်ရှိသူ တားအိုက်ကျော်ကို ဆက်သွယ်မေးမြန်းထားသည်။ မေးမြန်း – မြတ်ပန်း

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles