
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ ဖောက်ဖျက်ကျူးလွန်ခဲ့သည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ပြီး ယင်းစွပ်စွဲပြစ်တင်မှုကို ယနေ့ ကယားပြည်နယ်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ့ ၁၆ မဲ၊ ကန့်ကွက်မဲ ၄ မဲဖြင့် ၇၅ ရာခိုင်နှုန်းထောက်ခံခြင်းကြောင့် စွပ်စွဲပြစ်တင်မှု အောင်မြင်သွားခဲ့သည်။ ယခုစစ်ဆေးတွေ့ရှိချက်များအရ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ငြိစွန်းလျှင် နိုင်ငံတော်သမ္မ၏ ဆုံးဖြတ်ချက်ဖြင့် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ဝန်ကြီးချုပ်တာဝန်မှ ဖယ်ရှားခံရမည်ဖြစ်သည်။
သတင်းနှင့်ရိုက်ကူး – ကေဇွန်နွေး/Myanmar Now
[youtube https://youtu.be/fGqeF3XMZOA]