အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နောင်ချိုရဲဘက်စခန်းများရှိ အကျဉ်းသားများ ကျန်းမာရေးပြဿနာများရှိဟု လူ့အခွင့်အရေး ကော်မရှင်ထောက်ပြ

(ရန်ကုန်) – ရှမ်းပြည်နယ် နောင်ချိုမြို့နယ်အတွင်းရှိ ရဲဘက်စခန်းများရှိ အကျဉ်းသားများသည် ကျန်းမာရေးပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဒီဇင်ဘာ ၁၀ တွင် သတင်းထုတ်ပြန်လိုက်သည်။

နိုဝင်ဘာ ၂၆ ရက်နေ့မှ ၂၈ အထိ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်အတွင်းရှိ ဂယ်လောင်း၊ ကြူအင်း၊ ဟိုခို၊ လွင်ကြီး၊ ကုန်းစံစသည့် စိုက်ပျိုးမွေးမြူရေးအကျဉ်းရဲဘက်စခန်းများကို သွားရောက်လေ့လာပြီးနောက် ကော်မရှင်က ယင်းကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“အဓိကကတော့ ရေမသန့်တာ။ အဲ့ဒီစခန်းတွေမှာ ချောင်းရေတွေကို အသုံးပြုနေကြတာ။ နောက်ပြီးတော့ လူတွေကလည်း ပူးပူးကပ်ကပ်နေနေတဲ့အပြင် အဝတ်လျှော်၊ ရေချိုးစတာတွေမှာလည်း အချိန်မရတော့ သူတို့က အဝတ်ဟောင်းတွေကိုပဲ ထပ်ခါတလဲလဲ ပြန်ဝတ်နေကြတာ။ ငှက်ဖျားကလည်း လူတိုင်းတော့မဖြစ်ပေမယ့် တကယ်များလာပြီဆိုရင် ငှက်ဖျားတိုက်ဖျက်ရေးကို ခေါ်ယူပြီး ကုသပေးသင့်တယ်” ဟု မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။

အဆိုပါ စခန်းရှိ အကျဉ်းသားများတွင် ပွေး၊ဝဲ၊ယားနာ၊ အစာအိမ်၊ ငှက်ဖျားနှင့် အသည်းရောင်ရောဂါရှိသည့် အကျဉ်းသားများ တွေ့ခဲ့ရပြီး ၄င်းတို့အား လုံလောက်သည့် ဆေးဝါးကုသမှုပေးရန် ကော်မရှင်က အကြံပြုခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထို့အပြင် ရဲဘက်စခန်းများတွင် ပိုမိုကောင်းမွန်သည့် မိလ္လာစနစ်နှင့် သောက်သုံးရေစနစ်တို့ ထားရှိရန်လည်း ကော်မရှင်က ထောက်ပြခဲ့သည်။

Related story: INVESTIGATION-Abuses, exploitation rife in Myanmar’s forgotten prison labour camps

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles