အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရွေးကောက်ပွဲသတင်း

ဇဗ္ဗူသီရိမြို့နယ်သို့ သွားရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်

နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရုံးခွဲနှင့် ပါတီဝင်အချို့၏ နေအိမ်များသို့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ညနေ ၄ နာရီခန့်အချိန်တွင် သွားရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ NLD ဒုဥက္ကဋ္ဌ- ၂ ဒေါက်တာဇော်မြင့်မောင်၊ ပါတီ၏ အောင်နိုင်ရေးဗဟိုကော်မတီဝင် သမ္မတဟောင်း ဦးထင်ကျော်၊ နေပြည်တော်နယ်မြေအောင်နိုင်ရေးကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်တို့လည်း လိုက်ပါလာသည်ကို တွေ့ရသည်။

မဲပေးခြင်း မပေးခြင်းကိစ္စနှင့် ပတ်သက်၍ သမ္မတဟောင်း ဦးထင်ကျော်က “အားလုံး မဲပေးသင့်ပါတယ်။ ဘယ်ပါတီရယ်လို့ မဟုတ်ပါဘူး။ အားလုံး ပြည်သူရဲ့တာဝန်လည်းရှိတယ်၊ ဝတ္တရားလည်းရှိတယ်။ ပေးကြစေချင်ပါတယ် တိုင်းပြည်အတွက်။ NLD အတွက်လည်း မဟုတ်ဘူး၊ ဘယ်သူ့အတွက်မှလည်း မဟုတ်ဘူး။ တိုင်းပြည်အတွက် အားလုံးမဲပေးကြပါ” ဟု ပြောဆိုသည်။

(ဓာတ်ပုံ- ဉာဏ်လှိုင်လင်း/ Myanmar Now)

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles