ရုပ်သံသတင်း

ဝရမ်းအထုတ်ခံထားရတဲ့ အလုပ်သမားတွေအတွက် ဘာတွေတောင်းဆိုလိုက်သလဲ

အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနလက်အောက်ရှိ လုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၄၆ (ဃ)/၄၇နဲ့ အလုပ်သမား ၉၇ဦးကို တရားစွဲဆိုခဲ့ပြီး ရုံးချိန်းပျက်ကွက်ခဲ့သည့် အလုပ်သမား ၇၂ ဦးကို တရားရုံးက ဝရမ်းထုတ်လိုက်ပါသည်။ လှိုင်သာယာ ရွှေသံလွင်စက်မှုဇုန် ၃ ရှိ Gust Myanmar အထည်ချုပ်စက်ရုံတွင် ပြီးခဲ့သည့် ဇန်နဝါရီလက အလုပ်သမားအခွင့်အရေးများတောင်းဆိုဆန္ဒပြခဲ့သဖြင့် အလုပ်သမား ၉၇ဦးကို တရားစွဲခဲ့ခြင်းဖြစ်သည်။

သတင်းနှင့်ရိုက်ကူး – ကေဇွန်နွေး/Myanmar Now

[youtube https://youtu.be/3M7rzrnwjqk]

Show More

Related Articles

Back to top button