ရွေးကောက်ပွဲသတင်း

နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည် မဲစာရင်းလိုက်လံကြည့်ရှု

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ (ဩဂုတ် ၁၄) နံနက်ပိုင်းတွင် နေပြည်တော်၌ မဲစာရင်းလိုက်လံကြည့်ရှုလျက်ရှိသည်။ မဲစာရင်းကပ်ထားမှုကို ကြည့်ရှုရန် ဥတ္တရသီရိမြို့နယ် ချင်းရွာသို့ ရောက်ရှိစဉ် “ဘယ်ပါတီကို မဲပေးပါလို့ မပြောဘူး။ ဒါပေမဲ့ မဲပေးဖြစ် အောင်ပေးကြပါ” ဟု ဒေသခံများကို ပြောကြားခဲ့သည်။ ယနေ့သည် မဲစာရင်းကြည့်ရှုရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အချိန်ထပ်တိုးပေးထားသည့် သတ်မှတ်ရက် နောက်ဆုံးနေ့လည်းဖြစ်သည်။

သတင်းနှင့်ဓာတ်ပုံ – မင်းမင်း (Myanmar Now)

Show More

Related Articles

Back to top button