အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ထမင်းတစ်နပ်အတွက် တိုးဝှေ့တန်းစီ ဝယ်ယူလာရတဲ့ မြန်မာပြည်

အာဏာသိမ်းပြီး သုံးနှစ်နီးပါးရှိလာချိန်တွင် ယခင်က အချိန်မရွေးဝယ်ယူနိုင်သည့် ဆန်နှင့် စားအုန်းဆီ စသည့် အခြေခံကုန်စည်များကိုပင် ပြည်သူလူထုက တိုးဝှေ့ကာ စီတန်းဝယ်ယူနေရသည့် အဖြစ်သို့ ဆိုက်ရောက်နေသည်။ အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်နေရာ ကမ္ဘာ့နိုင်ငံများက စီးပွားရေး၊ ဘဏ္ဍာရေးပိတ်ဆို့မှုများ ချမှတ်နေသဖြင့် အမေရိကန်ဒေါ်လာ လက်ဝယ်ပြတ်လပ်နေသည့် စစ်ကောင်စီက မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေခြင်းကို မထိန်းချုပ်နိုင်ခြင်းနှင့်အတူ ကုန်ဈေးနှုန်းသည်လည်း ကျွဲကူးရေပါ တက်မြဲတက်နေဆဲဖြစ်သည်။ စစ်ကောင်စီက ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီကို ဇူလိုင်လ ၂၇ ရက်တွင် ဖွဲ့စည်းပြီးနောက် အခြေခံစားသောက်ကုန်ဈေးနှုန်းများကို ထိန်းချုပ်ရန် ကြိုးစားနေသည်ဆိုသော်လည်း အနာနှင့် ဆေး လွဲနေသည့် ဟန်ပြလုပ်ရပ်သာဖြစ်နေသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button