ရုပ်သံသတင်း

အောင်သပြေဘိလပ်မြေစက်ရုံအမှုရုံးထုတ် ရဲတပ်ဖွဲ့နှင့်ဝန်းရံသူများ ရုန်းရင်းဆန်ခတ်ဖြစ်

အောင်သပြေဘိလပ်မြေစက်ရုံ မဆောက်လုပ်ရေး ဆန္ဒပြသည့်ကိစ္စနှင့်ပတ်သက်၍ ပုဒ်မ ၉ ခုဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသော အောင်သပြေရွာသား ဦးရွှေအုန်းနှင့် ၄င်း၏သား ကိုးတန်းကျောင်းသား မောင်တူးဝေယံအား ယနေ့ရုံးထုတ်လာရာတွင် လာရောက်ဝန်းရံကြသော ဗမာပြည်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ(ဗကသ)အဖွဲ့ချုပ်ကျောင်းသားများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ထပ်မံ၍ ပဋိပက္ခဖြစ်ပွားခဲ့သည်။ မီဒီယာနှင့်ဖြေကြားခွင့်မပေးခြင်း ရဲအင်အားအများအပြားဖြင့်ရုံးထုတ်ခြင်းကို ဗကသကျောင်းသားများက မဖြစ်သင့်ဟု အပြင်းအထန်ဝေဖန်ခဲ့ကြသည်။

သတင်းနှင့်ရိုက်ကူး – ခင်နှင်းဝေ/Myanmar Now

[youtube https://youtu.be/87nHrYHAAbc]

Show More

Related Articles

Back to top button