အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

လူမျိုးသုဉ်းသတ်ဖြတ်ခံရမှု ၆ နှစ်ပြည့်မှာ ရိုဟင်ဂျာတွေ ဘာတောင်းဆိုကြလဲ

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့က စတင်ခဲ့တဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် ရခိုင်ပြည်နယ်က သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြရပါတယ်။ ဒါကြောင့် ဒီကနေ့ ဩဂုတ်လ ၂၅ ရက်နေ့မှာ ၆ နှစ်မြောက် ‘ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်မှု အောက်မေ့ဖွယ်နေ့’ အခမ်းအနားအဖြစ် ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာတွေ စုပေါင်းကျင်းပကြတာ ဖြစ်ပါတယ်။ လူမှုရေး၊ ပညာရေးနဲ့ စီးပွားရေးအခွင့်အလမ်းတွေ ဆုံးရှုံးပြီး နိုင်ငံမဲ့ဘဝနဲ့ ဒုက္ခသည်စခန်းတွေမှာ အနာဂတ်မရေမရာနဲ့‌ နေထိုင်နေကြရတဲ့ ရိုဟင်ဂျာတွေဟာ မူလနေထိုင်ရာ ရခိုင်ပြည်နယ်မှာ ပြန်လည်နေထိုင်ခွင့်ရဖို့နဲ့ နိုင်ငံသားအခွင့်အရေး အပြည့်အဝရဖို့ကို ဒီကနေ့မှာ အဓိက တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles