ရုပ်သံသတင်း

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောဆိုချက်များ သံသယများစွာရှိသင့်ဟု ဝေဖန်မှုများရှိ

ဖမ်းဆီး၊ ထောင်ချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မကြာသေးခင်က တွေ့ဆုံခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်း က အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံ ပဋိပက္ခ ချုပ်ငြိမ်းဖို့ ဆွေးနွေးပွဲတွေ ပြန်လည်ကျင်းပရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ပြောဆိုခဲ့တယ်ဆိုပြီး ဒီကနေ့ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ သတင်းထောက်တွေကို ဒွန်က အခုလို ပြောကြားခဲ့တာပါ။ အကျဥ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားပြုပြီး တစ်စုံတစ်ရာပြောကြားချက်တွေဟာ ကျင့်ဝတ်နှင့်မညီကြောင်း ဝေဖန်မှုများစွာ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ထောက်တစ်ဦးဖြစ်ခဲ့ပြီး အခုအခါ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးကလည်း ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်ဆိုတာတွေကို သံသယများစွာ ထားသင့်ကြောင်း ပြောပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံရီးစဉ်နဲ့ ပတ်သက်််််လို့ နိုင်ငံခြားရေးဝန်ကြီးဌာနသည်ပင် မသိရှိခဲ့ကြောင်း၊ ထိုင်းလွှတ်တော်က မကြာမီ ဝန်ကြီးချုပ်အသစ် ရွေးချယ်တော့မှာဖြစ်ရာ Don အနေဖြင့် သို့ပြုလုပ်ရန် အခွင့်အာဏာမရှိဟု ထိုင်းနာမည်ကျော်တက္ကသိုလ် ချူလာလောင်ကောင်းမှ နိုင်ငံရေးသိပ္ပံနှင့် နိုင်ငံတကာဆက်ဆံရေးဘာသာရပ်ဆိုင်ရာ ပါမောက္ခ Thitinan Pongsudhirak က မှတ်ချက်ပြုုုုုုပါတယ်။ါတယ်ါတယါတါ “နိုင်ငံခြားရေးဝန်ကြီး Don က မြန်မာစစ်ကောင်စီနဲ့ ဆက်သွယ်နေတာဟာ အာဆီယံဘုံသဘောတူညီချက်ကို မထီမဲ့မြင်ပြုရာရောက်သလို အင်ဒိုနီးရှားနိုင်ငံရဲ့ ဥက္ကဋ္ဌလုပ်ပိုင်ခွင့်ကို သပ်လျှိုတဲ့သဘောလည်း ရောက်နေတယ်။ ဖုံးကွယ်ထားတာတွေရှိလိမ့်မယ်ဆိုတဲ့ သံသယဖြစ်စေတယ်”

Show More

Related Articles

Back to top button