ရုပ်သံသတင်း

တပ်မတော်နဲ့ ပတ်သက်ပြီး ဥပဒေအရ ကိုင်တွယ်ခွင့်မရကြောင်း အဂတိပြော

တပ်မတော်နဲ့ ပတ်သက်ပြီး တိုင်ကြားလာသူတွေ မရှိသေးကြောင်း၊ အခြေခံဥပဒေအရ အဲဒီအမှုမျိုးကို ကော်မရှင်နဲ့ အရပ်ဘက်ဌာနဆိုင်ရာတို့က ကိုင်တွယ်ခွင့်မရကြောင်း မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ပြောပါတယ်။

ဒီဇင်ဘာလ ၇ ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အခမ်းအနားအပြီး သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားခဲ့တာပါ။

ကော်မရှင်ကို တိုင်ကြားလာတဲ့ တိုင်စာဆယ်စောင်ရှိပါက ယေဘုယျအားဖြင့် နှစ်စောင်ခန့်ကိုသာ အရေးယူနိုင်ပြီး ကျန်တိုင်စာတွေက အဂတိဥပဒေနဲ့ ကိုက်ညီမှုမရှိတာကြောင့် အရေးမယူနိုင်တာမျိုးတွေရှိကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးဟန်ညွန့်က ပြောပါတယ်။

ကော်မရှင်ကို တိုင်ကြားလာတဲ့ အကြောင်းအရာတွေကို ချက်ချင်းစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီး အချက်အလက်မှန်ကန်ပါက အရေးယူလုပ်ဆောင်မှုတွေပြုလုပ်ကြောင်း လက်ရှိစစ်ဆေးနေဆဲ အကြောင်းအရာတွေလည်းရှိကြောင်းနဲ့ အဂတိဥပဒေနဲ့ မငြိစွန်းတဲ့ လူမှုရေးပြဿနာတွေ တိုင်ကြားမှုတွေလည်းရှိကြောင်း မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ပြောပါတယ်။

 

[youtube https://youtu.be/mmQFqsa-4dk]

Show More

Related Articles

Back to top button