
ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် ဗိုလ်ထွန်းဇံရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးကို ရပ်ကွက်နေပြည်သူအင်အား ၃၀ ခန့်က ကန့်ကွက်တဲ့အနေနဲ့ သာကေတကျောက်တိုင်ကားမှတ်တိုင်ကနေ ဂျပန်တံတား သင်္ဘောကျင်းမှတ်တိုင်အထိ ဒီကနေ့ မွန်းလွဲပိုင်းမှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ရပ်ကွက်ထဲက လောင်းကစားပြဿနာတွေနဲ့ တခြားသောလူမှုရေးကိစ္စတွေ ဖြေရှင်းပေးရာမှာ ဘက်လိုက်မှုတွေ မမျှတမှုတွေ အဂတိလိုက်စားမှုတွေရှိနေတာကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးကို ဖြုတ်ချပေးဖို့ တောင်းဆိုခဲ့ကြတာလို့ ဆန္ဒပြကြသူတွေက ပြောပါတယ်။
ရိုက်ကူး/တည်းဖြတ် – ကေဇွန်နွေး (Myanmar Now)
[youtube https://youtu.be/aTQxkkw_eUg]