အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

SSPP တပ်ဖွဲ့ဝင်အချို့က လူတစ်ဦးကို မီးကင်ပြီး နှိပ်စက်ခဲ့

အရပ်သားတစ်ဦးကို မီးရှို့နှိပ်စက်မှုအတွက် တာဝန်ရှိသူများကို စစ်ဆေးအရေးယူရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/ SSA) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်နှင့် လဲချားမြို့နယ်ကြားတွင် လက်ပြန်ကြိုးတုပ်ခံထားရသော အရပ်သားတစ်ဦးကို သစ်ပင်တွင် ကြိုးဖြင့် တွဲလောင်း ချိတ်ကာ မီးရှို့စစ်ဆေးမေးမြန်းနေသည့် ရုပ်သံမှတ်တမ်းဖိုင်တစ်ခု အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့ လာခဲ့သည်။

မီးပုံပေါ်တွင် အပူဒဏ်ကြောင့် ထိုအမျိုးသား တွန့်လိမ်လှုပ်ရှားနေပုံကို မှတ်တမ်းရုပ်သံတွင် တွေ့ရသည်။ အွန်လိုင်းတွင် ဝေဖန်မှုမြင့်တက်နေသော မီးရှို့၊ နှိပ်စက် စစ်ဆေးနေသည့်ကိစ္စအတွက် အဆိုပါ တပ်ဖွဲ့ဝင်များကို စစ်ဆေးအရေးယူမည်ဖြစ်ကြောင်း SSPP/SSA အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

သတင်း၊ တင်ဆက် – ငြိမ်းဆွေ၊ လင်းထင်

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/registe… နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button