ရုပ်သံသတင်း

SSPP တပ်ဖွဲ့ဝင်အချို့က လူတစ်ဦးကို မီးကင်ပြီး နှိပ်စက်ခဲ့

အရပ်သားတစ်ဦးကို မီးရှို့နှိပ်စက်မှုအတွက် တာဝန်ရှိသူများကို စစ်ဆေးအရေးယူရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/ SSA) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်နှင့် လဲချားမြို့နယ်ကြားတွင် လက်ပြန်ကြိုးတုပ်ခံထားရသော အရပ်သားတစ်ဦးကို သစ်ပင်တွင် ကြိုးဖြင့် တွဲလောင်း ချိတ်ကာ မီးရှို့စစ်ဆေးမေးမြန်းနေသည့် ရုပ်သံမှတ်တမ်းဖိုင်တစ်ခု အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့ လာခဲ့သည်။

မီးပုံပေါ်တွင် အပူဒဏ်ကြောင့် ထိုအမျိုးသား တွန့်လိမ်လှုပ်ရှားနေပုံကို မှတ်တမ်းရုပ်သံတွင် တွေ့ရသည်။ အွန်လိုင်းတွင် ဝေဖန်မှုမြင့်တက်နေသော မီးရှို့၊ နှိပ်စက် စစ်ဆေးနေသည့်ကိစ္စအတွက် အဆိုပါ တပ်ဖွဲ့ဝင်များကို စစ်ဆေးအရေးယူမည်ဖြစ်ကြောင်း SSPP/SSA အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

သတင်း၊ တင်ဆက် – ငြိမ်းဆွေ၊ လင်းထင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/registe… နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button