သတင်း

တရုတ်ပြန် အလုပ်သမား ၂၀၀ ကျော် ရှမ်းအရှေ့ပိုင်း မိုင်းယန်းတွင် သောင်တင်

တရုတ်နိုင်ငံမှ ပြန်လာသည့် အလုပ်သမား အယောက် ၂၀၀ ခန့် ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားနှင့် မိုင်းယန်းမြို့နယ်အစပ်တွင်ရောက်ရှိနေပြီး မိုင်းယန်းမြို့တွင်းသို့ ဝင်ခွင့်မရသေးသလို ၁၄ ရက် ကြာစောင့်ကြည့်ခံရမည်ဟု မိုင်းယန်းပြည်သူ့လွှတ်တော်အမတ် က ပြောသည်။

သောင်တင်နေသည့် အလုပ်သမား ၂၀၀ ကို ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးသည့် လုပ်ငန်းများကို ယနေ့ (ဧပြီ ၆) တွင် စတင်နေပြီဖြစ်ပြီး အစားအသောက်အနည်းငယ်ကိုလည်း ဝေငှထားသည်ဟု မိုင်းယန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးစိုင်းခမ်းက Myanmar Nowကို ပြောသည်။

ယူနန်ပြည်နယ် မုန်းဝေ၊ မုန်းကျို စသည့် မြို့များတွင်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား အလုပ်သမားများကို တရုတ်အလုပ်ရှင်များနှင့် ရဲများက ၎င်းတို့နိုင်ငံအတွင်းမှ ထွက်ခွာရန်ဖိအားပေးသောကြောင့် ဧပြီ ရက်မှ စတင်ပြီး တရုတ်နိုင်ငံမှ ထွက်ခွာခဲ့ကြောင်း အလုပ်သမားများကပြောသည်။

အလုပ်သမား အယောက် ၂၀၀ နီးပါးမှာ ရခိုင်တိုင်းရင်းသားများဖြစ်ပြီး ဗမာတိုင်းရင်းသား အနည်းစု ပါဝင်သည်ဟုလည်း သိရသည်။ ပုဏ္ဏားကျွန်းမြို့နယ်မှပင် ၁၀၀ ခန့်ပါဝင်မည်ဟု သောင်တင်နေသူများအနက်မှ ပုဏ္ဏားကျွန်းမြို့နယ်ဇာတိ အသက် ၃၅ နှစ်အရွယ် ကိုသန်းညွန့်မောင်က Myanmar Now ကို ဖုန်းဖြင့် ပြောသည်။

ဧပြီ တွင် တရုတ်ရဲများက ကားဖြင့် အထူးဒေသ() မိုင်းလားမြို့အနီး နယ်စပ်သို့လိုက်ပို့ပေးခဲ့ပြီး ထိုမှတစ်ဆင့် မိုင်းလားတပ်ဖွဲ့ဝင်များက အထူးဒေသ()နှင့် မိုင်းယန်းမြို့နယ်အစပ်သို့ ထပ်မံ ပို့ပေးခဲ့ခြင်းဖြစ်သည်။

လတ်တလောတွင် နှစ်ဖက်စစ်ဆေးရေးဂိတ်များ၏ အလယ်တွင် ရှိနေပြီး အရိပ်ရသည့် လမ်းဘေးနေရာများတွင် ကြုံသလိုနေထိုင်နေရသည်ဟု ပိတ်မိနေသူများက ဆိုကြသည်။ မိုင်းယန်းမြို့နယ် အုပ်ချုပ်ရေးအာဏာပိုင်များက နေရာချထားပေးရန် စီစဉ်နေသည်ဟု သိရကြောင်း ကိုသန်းညွန့်မောင်က ပြောသည်။

နေ့လယ်ကတော့ လာပြောသွားတယ်မင်းတို့ကိုဒီနေရာမှာမထေားတော့ဘူးတဲ့ မနက်ဖြန်ကျရင် တခြားနေရာကို ရွှေ့ပေးမယ်လို့ပြောတယ်ဟု ကိုသန်းညွန့်မောင်က ပြောသည်။

မြို့နယ်နှစ်ခုအကြား နယ်စပ်ဖြစ်သော်လည်း အထူးဒေသ (၄) မိုင်းလား၊ ဆီလူးဒေသ ပိုင်နက်ထဲတွင် ရှိနေသေးသည်။ အထူးဒေသ ()၏ ပြောခွင့်ရအရာရှိ ဦးခမ်းမောင်ကို Myanmar Now က ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

မိုင်းယန်းမြို့တွင်မူ တရုတ်နှင့် ထိုင်းနိုင်ငံများမှပြန်လာသည့် လူဦးရေ ၉၀ ကျော်ကို ရွာ ရွာနှင့် အထက်တန်းကျောင်း တစ်ခုတွင် ၁၄ ရက်ကြာစောင့်ကြည့်နေပြီး အသစ်ရောက်လာသည့် ရခိုင်တိုင်းရင်းသား ၂၀၀ ကိုမည်သည့်နေရာတွင်ချထားပေးမည်ကို မသိရသေးပေ။

Show More

Related Articles

Back to top button