အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

အစိုးရအသိအမှတ်ပြု ဟဂျ်(ဘုရားဖူးခရီးသွား) ကော်မတီတစ်ရပ်ပေါ်ပေါက်ရေး ဆန္ဒပြတောင်းဆို

နိုင်ငံတော်အသိအမှတ်ပြု ဟဂျ်(ခရီးသွား) ကော်မတီတစ်ရပ်ပေါ်ပေါက်ဖို့အတွက် နိုဝင်ဘာလ (၁၁)ရက်နေ့က ရန်ကုန်မြို့ မဟာဗန္တုလပန်းခြံရှေ့မှာ အစ္စလာမ်ဘာသာဝင်တချို့က ဆန္ဒပြုတောင်းဆိုခဲ့ကြပါတယ်။

နှစဉ်အစိုးရ ခွင့်ပြုတဲ့ တင်ဒါအောင်တဲ့ ကုမ္ပဏီတွေက ခရီးသွားတွေကို အစ္စလာမ်ဘာသာဝင်တွေရဲ့ အထွတ်အထိပ်ဖြစ်ရာ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ကို ဘုရားဖူးခရီးစဉ် ပို့ဆောင်ပေးနေတာဖြစ်ပါတယ်။

ဒီလိုပို့ဆောင်ရာမှာ သတ်မှတ်ငွေကြေးထက် ပိုမိုတောင်းယူပြီး တရားဝင်ခွင့်ပြုထားခြင်းမရှိတဲ့ ခရီးသွားအေဂျင်စီတွေက ခရီးသွားတွေကို ငွေကြေးခေါင်းပုံဖြတ်မှုတွေ ရှိနေပြီး နယ်မြို့ကခရီးသွားတွေအများစု ပါဝင်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

“နိုင်ငံသားမွတ်စလင်များကို ကိုယ်စားပြုသော နိုင်ငံတော်အသိအမှတ်ပြု ဟဂျ်(ခရီးသွား) ကော်မတီတစ်ရပ်ပေါ်ပေါက်ရေး” ၊ “ကိုယ်ကျိုးအမြတ်ထုတ် ဟဂျ်အေဂျင်စီများအလိုမရှိ”စတဲ့ ဗီနိုင်းစတွေကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ရိုက်ကူး/တည်းဖြတ် – ကေဇွန်နွေး (Myanmar Now)

[youtube https://youtu.be/l7bfVfyFpk4]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button