အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

လှေစီးဒုက္ခသည် ၁၀၆ ဦး စစ်တွေသို့ ပို့ဆောင်

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ရွှေမှော်ဝန်းခန်းမမှာ နှစ်ရက်ကြာ ထိန်းသိမ်းထားခဲ့တဲ့ လှေစီး ဒုက္ခသည် ၁၀၆ ဦးကို ဒီနေ့ မွန်းလွဲပိုင်းမှာ သာကေတမြို့နယ် ရှုခင်းသာရေတပ်စခန်းကနေ စစ်တွေကို ရေတပ် စစ်ရေယာဉ် နဲ့ ဒီနေ့မွန်းလွဲ ၂ နာရီခန့်က ပို့ဆောင်လိုက်ပြီလို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးတစ်ဦးက ပြောပါတယ်။

အဲ့ဒီ လှေစီးဒုက္ခသည်တွေက စစ်တွေမြို့ရှိ မွတ်စလင်ဒုက္ခသည်စခန်းတစ်ခုမှဖြစ်ပြီး မလေးရှားနိုင်ငံတွင် အလုပ်လုပ်ရမည်ဟုဆိုကာ ပွဲစားတစ်ဦးရဲ့စီစဉ်မှုနဲ့ ပြီးခဲ့တဲ့ လကုန်ပိုင်းက စက်လှေနဲ့ ထွက်ခွာ လာခဲ့တာဖြစ်ပြီး သွားတဲ့လမ်းကြောင်းမှားကာ ယခုလ ၁၆ ရက်နေ့မှာ ကျောက်တန်းမြို့နယ် သံတဲကျေးရွာအနီးသို့ရောက်ရှိလာတာဖြစ်ပါတယ်။

“ကျွန်တော်တို့ကတော့ ထောက်ပံ့ရေးတွေလုပ်ပေးလိုက်တယ်။ တပ်ကတော့ စီစဉ်ပေးတာပေါ့” ဟု လူကယ်ပြန် ဝန်ကြီးဌာန ဘေးအန္တရာယ် လျှော့ချရေးစီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ဒီနေ့ နေ့လယ်ပိုင်းက Myanmar Now ကို ဖုန်းနဲ့ပြောပါတယ်။

ဒုက္ခသည်တွေကတော့ အမျိုးသား ၅၀၊ အမျိုးသမီး ၃၁ ဦး၊ ကလေးငယ် ၂၅ ဦး ပါဝင်ပြီး လမ်းခရီးတွင် တစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ရက်အနည်းငယ်ကြာ သွားရမယ့် စစ်တွေခရီးစဉ်အတွက် အစားအသောက်၊ အဝတ်အထည်နှင့် အသုံးအဆောင်များ ထောက်ပံ့ပေးလိုက်ပြီး ဒုက္ခသည်များကို စစ်တွေရှိ မည်သည့်နေရာတွင်ပြန်လည် နေရာချထားမည်ကို မသိသေးကြောင်း ဒေါက်တာကိုကိုနိုင်က ပြောပါတယ်။

ရိုက်ကူး/တည်းဖြတ် – ကေဇွန်နွေး (Myanmar Now)

[youtube https://youtu.be/xoCYSDzAveQ]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button