အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဘင်္ဂလားဒေ့ရှ်မှ ပြန်လာမည့်သူများအား ထုတ်ပေးမည့် NVC ကတ်တွင် ရိုဟင်ဂျာဟု ပါမည်မဟုတ်

ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှ ပြန်လာမည့်သူများအား ထုတ်ပေးမည့် NVC ကတ်တွင် ရိုဟင်ဂျာ ဆိုသည့် အသုံးအနှုန်းကို ထည့်သွင်းမည် မဟုတ်ဟု မြန်မာအစိုးရအရာရှိများက ယမန်နေ့က ထပ်မံ အတည်ပြုလိုက်သည်။

ပြီးခဲ့သည့်နှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်း မငြိမ်မသက်မှုများကြောင့် နေရပ်စွန့်ခွာ သွားခဲ့ရသူများအား မြန်မာနိုင်ငံမှ နိုဝင်ဘာလလယ်တွင် ပြန်လည်လက်ခံမည်ဖြစ်ပြီး ယင်းသို့လက်ခံ ရာတွင် ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူများက “ရိုဟင်ဂျာ” အမည် ဖော်ပြရေးကို အစဉ်တစိုက် တောင်းဆိုခဲ့ကြသည်။

“NVC ကတ်တွင် ရိုဟင်ဂျာ၊ ဘင်္ဂါလီဟု ဖော်ပြမည်မဟုတ်” ဟု ယမန်နေ့က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်တွင် ပြုလုပ်သည့် ဒုက္ခသည်များ ပြန်လည်လက်ခံရေးဆိုင်ရာ သတင်းစာရှင်း လင်းပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးလှိုင်က ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနများက ရေးသားကြသည်။

မြန်မာအစိုးရက စီစဉ်နေသည့် မြန်မာနိုင်ငံအတွင်းနေထိုင်သူအားလုံးအား ၂၀၁၉ တွင် စမတ်ကတ်ထုတ်ပေးရေးစီမံချက်တွင်လည်း နိုင်ငံသား၊ အမည်၊ မွေးသက္ကရာဇ်နှင့် ID နံပါတ်သာ ပါဝင်မည်ဖြစ်ပြီး လူမျိုးအမည်များ ပါဝင်မည်မဟုတ်တော့ကြောင်း မြန်မာအစိုးရအရာရှိများက ဆိုသည်။

နိုဝင်ဘာ ၁၅ ရက်နေ့တွင် ပြန်လည်လက်ခံရေးအစီအစဉ်၏ ပထမခြေလှမ်းအဖြစ် လူ ၂၂၅၁ ကို တစ်ရက်လျှင် ၁၅၀ နှုန်းဖြင့် ရက်သတ္တပတ် ၂ ပတ်ကျော်ခန့်ကြာအောင် လက်ခံသွားရန် မြန်မာအစိုးရက စီစဉ်နေသည်။

ဒုတိယအသုတ်အဖြစ် လူ ၂၀၀၀ ကျော်ကို တောင်ပြိုလက်ဝဲကုန်းလမ်းကြောင်းမှ ခေါ်ယူသွားမည်ဖြစ်သည်။

၄င်းတို့သည် နိုင်ငံသားဖြစ်ခွင့်ကို ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့်အညီ လျှောက်ထားနိုင်ပြီး နိုင်ငံသား၊ ဧည့်နိုင်ငံသား နှင့် နိုင်ငံသားပြုခွင့်ရသူ စသည်တို့တွင် အမျိုးအစားအလိုက် ကိုက်ညီသည့် အထောက်အထားရှိသူကို ဥပဒေအတိုင်း ခွင့်ပြုပေးသွားမည်ဟု သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် မြန်မာလုံခြုံရေးတပ်များ၏ ကင်းစခန်းများကို အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် ( ARSA ) ၏တိုက်ခိုက်မှုကို မြန်မာတပ်ဖွဲ့များက လက်တုံ့ပြန်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ လူသန်းဝက်ကျော် ထွက်ခွာသွားခဲ့ရသည်ဟု နိုင်ငံတကာအဖွဲ့အစည်းများက ခန့်မှန်းထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button