အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဘင်္ဂလားဒေ့ရှ်မှ ပြန်လာမည့်သူများအား ရခိုင်ဒေသတစ်ခုတည်းတွင် စုပြုံမထားရန် ရခိုင်လက်နက်ကိုင်အဖွဲ့ တိုက်တွန်း

ဘင်္ဂလားဒေ့ရှ်မှ ပြန်လာမည့်သူများအား ရခိုင်ပြည်နယ်တစ်ခုတည်းတွင် ပိတ်လှောင်မထားဘဲ အခြားတိုင်းနှင့် ပြည်နယ်များတွင်လည်း ဖြန့်ခွဲထားရန် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က အစိုးရကို ယနေ့တွင် ကြေညာချက်ထုတ်ပြီး တိုက်တွန်းလိုက်သည်။

“(ပြန်လာတဲ့သူတွေကို) မောင်တောဒေသ တစ်နေရာတည်းမှာ စုပြုံပြီး ချထားမယ်ဆိုရင်တော့ အချိန်မရွေး ပြဿနာဖြစ်နိုင်တယ်” ဟု ၁၉၆၇ ကတည်ထောင်ခဲ့သည့် မြန်မာ – အိန္ဒိယ နယ်စပ်အခြေစိုက် ရခိုင်လက်နက်ကိုင်အဖွဲ့ ALA ၏ နိုင်ငံရေးပါတီ ဖြစ်သည့် ALP ၏ ပြန်ကြားရေးဌာန ရုံးအဖွဲ့မှူး ဦးခိုင်မြင့်ခိုင်က ပြောသည်။

ပြီးခဲ့သည့်နှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်း မငြိမ်မသက်မှုများကြောင့် နေရပ်စွန့်ခွာသွားခဲ့ရသူများအား မြန်မာနိုင်ငံမှ နိုဝင်ဘာလလယ်တွင် ပြန်လည်လက်ခံမည့် အစီအစဉ်ကို ယမန်နေ့က မြန်မာအစိုးရအရာရှိများက ထုတ်ဖော်ပြောပြီးနောက် ALP က ယင်းကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

နို်ဝင်ဘာ ၁၅ ရက်နေ့တွင် ပြန်လည်လက်ခံရေးအစီအစဉ်၏ ပထမခြေလှမ်းအဖြစ် လူ ၂၂၅၁ ကို တစ်ရက်လျှင် ၁၅၀ နှုန်းဖြင့် ရက်သတ္တပတ် ၂ ပတ်ကျော်ခန့်ကြာအောင် လက်ခံသွားရန် မြန်မာအစိုးရက စီစဉ်နေသည်။

ဒုတိယအသုတ်အဖြစ် လူ ၂၀၀၀ ကျော်ကို တောင်ပြိုလက်ဝဲကုန်းလမ်းကြောင်းမှ ခေါ်ယူသွားမည်ဖြစ်သည်။

အတိတ်က ဖြစ်ပွားခဲ့သည့် လူမျိုးရေးပဋိပက္ခများကို ထပ်မံမဖြစ်ပွားစေရန် ဒုက္ခသည်များနေရာချထားရေးတွင် အစိုးရအနေဖြင့် စနစ်တကျ တာဝန်ယူဆောင်ရွက်သင့်ကြောင်း ALP ပြောခွင့်ရအရာရှိက ဆိုသည်။

ဒုက္ခသည်အရေးတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အပါအဝင် အခြားရခိုင်နိုင်ငံရေးပါတီခေါင်းဆောင်များ၊ ရခိုင်အထင်ကရပုဂ္ဂိုလ်များနှင့် ဆွေးနွေးတိုင်ပင်ရန် ALP က အလိုရှိနေသည်။

နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရေးဆောင်ရွက်ရာတွင် ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသားများ၏ စိုးရိမ်မှုကို နားလည်ကြောင်းနှင့် အစီအစဉ်မစခင်မှာပင် သက်ဆိုင်ရာ ပါတီခေါင်းဆောင်များ၊ ရခိုင်၊ မြို၊ သက်၊ ခမီ စသည့် အဖွဲ့ခေါင်းဆောင်များ၊ နိုင်ငံရေးအင်အားစုများ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများကိုလည်း အလွတ်သဘောတွေ့ဆုံပြီး ရှင်းလင်းပြောကြားခဲ့ကြောင်း မြန်မာအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် မြန်မာလုံခြုံရေးတပ်များ၏ ကင်းစခန်းများကို အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) ၏တိုက်ခိုက်မှုကို မြန်မာတပ်ဖွဲ့များက လက်တုံ့ပြန်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ လူသန်းဝက်ကျော် ထွက်ခွာသွားခဲ့ရသည်ဟု နိုင်ငံတကာအဖွဲ့အစည်းများက ခန့်မှန်းထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button