ရုပ်သံ

CNF ဌာနချုပ်အနီး လေတပ်ဗုံးကြဲမှု ကျောင်းဆရာမ အပါအဝင် ၂ဦး သေဆုံး

ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့နယ်အတွင်း အိမ်ခြေ ၇၀ ခန့်ရှိ တလန်လိုရွာမှာ ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က ဗုံးကြဲခံရခြင်းဖြစ်သည်ဟု ချင်းအမျိုးသားတပ်မတော် (CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုသည်။ “ရွာလယ်တည့်တည့်မှာ ဗုံးတစ်ကြိမ်ချတယ်။

ကျောင်းဆရာမတစ်ယောက်နဲ့ လူကြီးတစ်ယောက်တော့ သေသွားတယ်” အသက် ၅၄ နှစ်အရွယ် ဒေါ်နီဒိမ်ဆိုသည့် ကျောင်းဆရာမသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသူဖြစ်ကာ အခြားသေဆုံးသူတစ်ဦးမှာ ၄၈ နှစ် အရွယ် ဦးဟရမ်ကျဲအိုဆို သူဖြစ်ပြီး ၎င်းတို့ကို ညတွင်းချင်း မြေမြှုပ်သင်္ဂြိုဟ်ခဲ့သည်ဟု သိရသည်။

Related Articles

Back to top button