
ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအဖြစ် သတ်မှတ်ထားသည့် ကိုရိုနာဗိုင်းရပ်စ်ကို အကြောင်းပြု၍ ဝိသမလောဘဖြင့် ကိုယ်ကျိုးမရှာကြရန် နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက လုပ်ငန်းရှင်များနှင့် ကုန်သည်များကို ယနေ့သတင်းစာရှင်းလင်းပွဲတွင် မေတ္တာရပ်ခံလိုက်သည်။
ယနေ့ မွန်းလွဲ(၂)နာရီထိ မြန်မာနိုင်ငံတွင် ကူးစက်လူနာ တစ်ဦးတစ်ယောက်မျှ မရှိသေးကြောင်း သမ္မတရုံးက အခိုင်အမာပြောဆိုပြီး ကောလာဟလဖြန့်သူများကိုလည်း ဖော်ထုတ်အရေးယူမည်ဟု ဆိုသည်။
သတင်းနှင့်ရိုက်ကူး – မင်းမင်း/Myanmar Now
[youtube https://youtu.be/kDDic9qhCK0]



