
ယနေ့မဲရလဒ်သည် “ရှုံးနိမ့်မှု” ဟု မယူဆဘဲ အခြေခံဥပဒေပြင်ဆင်ရန် ရွေးကောက်ခံအမတ်များက ထောက်ခံကြသည်ကို ပြည်သူလူထုထံ ချပြနိုင်ခဲ့သည်ဟု NLD အမတ်တစ်ဦးက လွှတ်တော်အစည်းအဝေးအပြီးတွင် ပြောသည်။
ယနေ့မဲခွဲဆုံးဖြတ်ခဲ့သည့် ပုဒ်မ ၅၉(စ)အပါအဝင် ကာ/လုံဖွဲ့စည်းမှုတွင် တပ်မတော်ပါဝင်မှုကို လျှော့ချမည့် ပုဒ်မများကို “ကာလအခြေအနေအရ” ကာကွယ်ထားခြင်းဖြစ်သည်ဟု ပြည်ခိုင်ဖြိုးအမတ်က ဆိုသည်။
သတင်းနှင့်ရိုက်ကူး – မင်းမင်း/Myanmar Now
[youtube https://youtu.be/YkN137OOlwc]