အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပြင်ဦးလွင်လူထုတွေ့ဆုံပွဲ၌ မြေယာမေးခွန်းများက ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ကြို

လူထုတွေ့ဆုံပွဲများ ဆက်တိုက်ပြုလုပ်နေသည့် ဒေါ်အောင်ဆန်းကြည်၏ ခရီးစဉ်များအနက် ယနေ့ (မတ် ၁၀) တွင် ပြင်ဦးလွင် ခရိုင်အားကစားကွင်း၌ကျင်းပသည့် တွေ့ဆုံပွဲတွင် ဒေသခံတို့က မြေယာအရှုပ်အထွေးများကိုသာ အဓိကထား မေးမြန်းခဲ့ကြသည်။

လားရှိုး၌ကျင်းပသည့် မနက်ပိုင်းလူထုတွေ့ဆုံပွဲမှ အဆိုပါစစ်တပ်မြို့ကလေးသို့ ဒေါ်အောင်ဆန်းစုကြည် နေ့ချင်းရောက်မလာမီ ဒေသခံများစာပို့၍ ကြိုတင်မေးမြန်းထားသည့် မေးခွန်းအားလုံးနီးပါးမှာ မြေယာပြဿနာ၊ အရှုပ်အထွေးများသာဖြစ်သည်ကို တွေ့ရသည်။

ကြိုတင်မေးခွန်းများ ဖြေကြားပြီးသည့်နောက် ဒေါ်အောင်ဆန်းစုကြည်က

“ပြင်ဦးလွင်လောက် မြေယာပြဿနာများပြားတဲ့ဒေသ ပြင်ဦးလွင်ပဲ ရှိပါတယ်။ ကျွန်မ ဘယ်ဒေသသွားသွား ဒီလိုမတွေ့ဖူးပါဘူး။ ဘာဖြစ်လို့ ဒီလောက်ရှုပ်ထွေးနေရလဲ။ ဖြေရှင်းဖို့ခက်ခဲနေရလဲ၊ တိုင်းအစိုးရနဲ့ ကျွန်မတို့ အစည်းအဝေးလုပ်ပါ့မယ်” ဟု ဆိုသည်။

ဤကဲ့သို့မြေယာရှုပ်ထွေးမှုများ ဖြစ်ရသည့်အကြောင်းရင်းကို ၎င်းကိုယ်တိုင်ပင် စိတ်ဝင်စား၍ သိချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားရာ လူအုပ်ထဲမှ “သိမ်းဆည်းခံရတာတွေ များလို့ပါ အမေ” ဟု တုံ့ပြန် အော်ဟစ်ခဲ့ကြသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား ပွဲအတွင်းမေးမြန်းရန် တင်ပြသူ ၄၀ ကျော် ရှိခဲ့ပြီး အချိန်အကန့်အသတ်ကြောင့် ခြောက်ဦးကို မဲဖောက်ကာ မေးမြန်းခွင့်ပြုရာ အားလုံးမှာ မြေယာအရှုပ်အထွေးကိစ္စများသာ ဖြစ်နေသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မေးခွန်းများထဲတွင် ဇီးပင်ကြီး ဗဟိုမီးသတ်သင်တန်းကျောင်းနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်က သိမ်းဆည်းထားသည့် မြေများ၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်းက သိမ်းဆည်းထားသည့် မြေများကိစ္စ၊ သိုးကြီးကျေးရွာ၌ သစ်တောဌာနက ၂၀၀၅ တွင် သစ်တောမြေအဖြစ်မှ ပလပ်ခဲ့သည့် မြေများအား ရွာသားမဟုတ်သူများက ဧကဆယ်ချီရယူထားကာ ယခုတိုင် အကွက်ရိုက်ရောင်းစားနေသည့်ကိစ္စ စသည့်တို့လည်း ပါဝင်သည်။

ကျန်ရှိသည့် မေးမြန်းစာများကိုလည်း မကြာမီ စာတိုက်မှတစ်ဆင့် ဖြေကြားပေးသွားမည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။ တွေ့ဆုံပွဲပြုလုပ်သည့် ကွင်းအပြင်တွင် လူထုထံမှတင်ပြစာများကို လက်ခံသည့်ဌာန ဖွင့်ထားရာ တင်ပြစာပေါင်း (၁၂၁) စောင် ရရှိသည်ဟု စာလက်ခံဌာနမှ ကော်မတီဝင် ကိုခိုင်ဇော်မင်းက ဆိုသည်။

ယနေ့ လူထုတွေ့ဆုံပွဲသို့ လူအင်အား ရှစ်ထောင်နီးပါး တက်ရောက်ခဲ့ကြပြီး ကွင်းအတွင်းမဝင်မီ အပူချိန်တိုင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်နေသည်ကို တွေ့ခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့်လကုန်ပိုင်းတွင်လည်း ကရင်ပြည်နယ်မြို့ကြီးအချို့သို့ သွားရောက်ကာ လူထုတွေ့ဆုံပွဲများ ပြုလုပ်ခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button