ရုပ်သံသတင်း

သံရည်ကျိုစက်အလုပ်သမားများ ဆက်လက်အစာငတ်ခံဆန္ဒပြ

မှော်ဘီမြို့ မြောင်းတကာသံရည်ကျိုစက်ရုံမှာ လုပ်ငန်းခွင်လုံခြုံရေးအတွက် အစာငတ်ခံဆန္ဒပြနေတဲ့ အလုပ်သမား ၆ ဦးထဲက ၄ ဦးဟာ ဆေးကုသမှုခံနေရပြီး ၂ ဦးကတော့ ဆက်လက်အစာငတ်ခံဆန္ဒပြနေပါတယ်။

အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို အလုပ်ရှင်နဲ့ညှိနှိုင်းရာမှာ အဆင်မပြေတာကြောင့် အလုပ်သမား ၆ ဦးက ဖေဖော်ဝါရီ ၂၀ရက်နေ့က စတင်ကာ အစာငတ်ခံဆန္ဒပြခဲ့ကြတာပါ။

အလုပ်သမားတွေကတော့ သူတို့တောင်းဆိုချက်တွေမရမချင်း ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

သတင်းနှင့်ရိုက်ကူး – ကေဇွန်နွေး/myanmar now

[youtube https://youtu.be/H0R1M7h6ngk]

Show More

Related Articles

Back to top button