အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံ

စစ်ကောင်စီသံချပ်ကာ ကားကို ဖျက်ဆီးခဲ့ပုံ

ဟားခါးမြို့မှ ၁၀ မိုင်ခန့်အကွာ ချွန်ကျုံးရွာအနီး ရောက်ရှိလာတဲ့ သံချပ်ကာ ၂ စီး ဦးဆောင်တဲ့အရပ်သား ကား အစီး ၃၀ ကျော်ပါယာဉ်တန်းကို ဧပြီ ၁၃ (သင်္ကြန်အကြိုနေ့) မှာ ချင်းကာကွယ်ရေးအဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့လို့ သံချပ်ကား နှစ်စီး ပျက်စီးခဲ့ပါတယ် အဲဒီယာဉ်တန်းဟာ မတ်လ ၇ ရက်ကတည်းက စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ထွက်လာကာ ချင်းပြည်နယ်အတွင်း ဝင်ရောက်လာပြီး ဖလမ်း-ဟားခါးလမ်းအတိုင်း တက်လာစဉ် လမ်းတစ်လျှောက် ကြားဖြတ်တိုက်ခိုက်ခံနေရတာပါ။

ယာဉ်တန်းတစ်ခုလုံးနီးပါးပျက်စီးသွားတဲ့အတွက် လိုက်ပါလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ချွန်ကျုံးရွာ နဲ့ ဘုရားကျောင်းအတွင်း တပ်စွဲထားလိုက်ပြီး တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်နှင့်ချီ သေဆုံးကြောင်း သိရသလို ချင်းဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့ဘက်မှ ၉ ဦး သေဆုံးပြီး ၇ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားပါတယ်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button