ရုပ်သံ

ပစ်သတ်ခံရသည့် ဒုဗိုလ်မှူးကြီးဟောင်း နာရေး အကျဉ်းချုံးပြုလုပ်

ဧပြီ ၁၈ ရက်နေ့က ရန်ကုန်တိုင်း၊ သန်လျင်မြို့ ပစ်ခတ်မှုတွင် သေဆုံးသွားသည့် အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး အောင်ညီထွန်း အပါအဝင် သုံးဦး၏ နာရေးကို သန်လျင်မြို့နယ်ရှိ အမိုးနီသုသာန်တွင် ယနေ့ (ဧပြီ ၂၀) မွန်းလွဲပိုင်းက အကျဉ်းချုံး ပြုလုပ်ခဲ့သည်။ သေဆုံးသူများမှာ ဦးအောင်ညီထွန်း၊ ၎င်းနှင့် ဆွေမျိုးတော်စပ်သူ ဦးအောင်မျိုးဆွေနှင့် ဦးခင်မောင်သိန်းတို့ ဖြစ်ကြသည်။ ဦးအောင်ညီထွန်းသည် ဒုတိယဗိုလ်မှူးကြီးအဆင့်ဖြင့် ကြည်းတပ်မှ အငြိမ်းစားယူထားသူဖြစ်ကာ ၎င်း၏ ညီအရင်းဖြစ်သူ ကျော်စွာထွန်းသည် လေတပ်တွင် လက်ရှိတာဝန်ထမ်းဆောင်ဆဲ အရာရှိတစ်ဦးဖြစ်သည်ဟု သိရသည်။

Show More

Related Articles

Back to top button