အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကာဒီနယ်လ်ချားလ်စ်ဘို စစ်ရှောင်စခန်းများကို လှူမည်

မြန်မာနိုင်ငံ၏ အထင်ကရ ခရစ်ယာန်ခေါင်းဆောင် ကာဒီနယ်လ်ချားလ်စ်ဘို၏ သက်တော် ၇ဝ ပြည့် မွေးနေ့အတွက် ကောက်ခံရရှိသည့် အလှူငွေများ၊ လှူဖွယ်ပစ္စည်းများကို မြစ်ကြီးနား၊ ဗန်းမော်နှင့် လားရှိုးရှိ စစ်ရှောင်စခန်းများသို့ ပေးပို့မည်ဟု သိရသည်။

အလိုအပ်ဆုံးသော နေရာများထဲမှ ထိုနေရာတို့ကို ရွေးချယ်ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့ မွေးနေ့အမှတ်တရ လှူဒါန်းမည်ဟု ကာဒီနယ်လ်၏ အတွင်းရေးမှူး ဖာသာရ်ဒေါမနစ်ဇာဗီနူးက Myanmar Now ကို ပြောသည်။

“အဓိကကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ရှေးရှုပြီးတော့ လှူမှာ။ အဲဒီနေရာတွေက ပိုပြီးတော့ ဆင်းရဲတယ်။ စစ်ရှောင်၊ ဒုက္ခသည်တွေ ရှိတာကြောင့် အခြေခံ လိုအပ်ချက်တွေ ပိုပြီးတော့ လိုအပ်မယ် လို့ ထင်တာကြောင့် အဲဒီနေရာတွေကို ရွေးပြီးတော့ မွေးနေ့ကုသိုလ် လှူတာပါ” ဟု ဖာသာရ်ဒေါမနစ်ဇာဗီနူးက မိန့်သည်။

အလှူအတွက် ဆရာတော်ကြီးကိုယ်တိုင် စခန်းများသို့ သွားရောက်ရေးအတွက် မဆုံးဖြတ်ရသေးဟု ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဆရာတော်ကြီး၏ မွေးနေ့အထိမ်းအမှတ်အစီအစဉ်မျိုးကို ယခင်နှစ်များက မတွေ့ခဲ့ရသော်လည်း မြန်မာနိုင်ငံကက်သလစ်အသင်းတော်က စစ်ရှောင်စခန်းများကို ပုံမှန် လှူဒါန်း ထောက်ပံ့လေ့ရှိကြောင်း သိရသည်။

၂ဝ၁၁ခုနှစ်တွင် ပြန်လည်စတင်ခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ကချင်နှင့် ရှမ်းပြည်နယ်အတွင်း နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ ၁ဝရ,ဝဝဝ ခန့် ရှိနေသည်ဟု ကုလသမဂ္ဂက စက်တင်ဘာလတွင် ခန့်မှန်းထားသည်။

မြန်မာနိုင်ငံကက်သလစ်ခရစ်ယာန်ဂိုဏ်းချုပ်ဆရာတော် ချားလ်စ်ဘိုကို ပုပ်ရဟန်းမင်းကြီးက ၂ဝ၁၅ နှစ်ဆန်းပိုင်းတွင် ရဟန်းအမတ်အဖြစ် ခန့်အပ်ခဲ့သည်။ မြန်မာကက်သလစ်များထဲမှ ပထမဆုံး ထိုသို့ တာဝန်ပေးခံရခြင်း ဖြစ်ပြီး ထိုခန့်အပ်မှုသည် ကက်သလစ်ခရစ်ယာန်သာသနာ မြန်မာပြည်သို့ ရောက်ရှိသည့် နှစ် ၅၀၀ ပြည့် အခါသမယနှင့်လည်း တိုက်ဆိုင်နေသည်။

၀ါတော် ၂၈ ၀ါ ရှိသည့် ကာဒီနယ်လ် ချားလ်စ်ဘိုသည် မကြာသေးမီရက်ပိုင်းအတွင်း အာရှရေးရာ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှာလည်း ဥက္ကဋ္ဌတစ်ဦးအဖြစ် ကြေညာခံခဲ့ရသည်။

ကာဒီနယ်လ် ချားလ်စ်ဘိုသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးအစီအစဉ်များကို စိတ်ရှည်ပေးကြရန် နိုင်ငံတကာသို့ မေတ္တာရပ်ခံလျက်ရှိသည်၊ နိုင်ငံအတွင်း အမုန်းတရားပြန့်ပွားရေးလုပ်ဆောင်မှုများကို ဟန့်တားကြရန်၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် ပါဝင်ကူညီကြရန် အဆက်မပြတ် တိုက်တွန်းခဲ့သည့် ဘာသာရေးခေါင်းဆောင်တစ်ဦး ဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles