ရုပ်သံ

သေကံမရောက်၊ အသက်မပျောက်ခဲ့သူ ပြောပြတဲ့ ပဇီကြီးရွာ အဖြစ်အပျက်

သေကံမရောက်၊ အသက်မပျောက်ခဲ့သူ ပြောပြတဲ့ ပဇီကြီးရွာ အဖြစ်အပျက်

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူရာချီ သေဆုံးခဲ့ရသည့် ဧပြီ ၂၁ နံနက်ခင်းသည် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ ဒေသခံများအတွက် ကမ္ဘာပျက်သည့်နေ့ ဖြစ်ခဲ့ရသည်။ အသက် ၅၇ နှစ်အရွယ် ပဇီကြီးရွာသား ကိုမျိုးက ထိုလေကြောင်းတိုက်ခိုက်မှုအပြီး မြင်တွေ့ရသည့် သွေးပျက်ဖွယ် အနိဋ္ဌာရုံမြင်ကွင်းများကို ပြောပြထားသည်။ ထိုအဖြစ်အပျက်တွင် ကိုမျိုး၏ ညီအရင်းနှင့် ညီမအရင်းလည်း အသက်ဆုံးရှုံးခဲ့ရသည်။ ယနေ့ ဧပြီ ၂၄ အထိ သေဆုံးသူ ၁၇၁ ဦးအထိ ရှိလာသည်ဟု သိရသည်။

Related Articles

Back to top button