ရုပ်သံ

သင်္ကြန်ပွဲကို ရန်ကုန်ပြည်သူတွေ ဘယ်လိုဖြတ်သန်းနေလဲ

အသံတိတ်သပိတ်လား၊ သင်္ကြန်အကြိုနေ့လား

သင်္ကြန်အကြိုနေ့ ရန်ကုန်မြင်ကွင်းနှင့် ပြည်သူ့စကားသံများ

ယခုနှစ်သည် စစ်ကောင်စီလက်ထက် သုံးကြိမ်မြောက် မဟာသင်္ကြန်ပွဲဖြစ်သည်။ စစ်ကောင်စီက လုံခြုံရေးအထပ်ထပ်ချပြီး သင်္ကြန်ပွဲ ကျင်းပနေသော်လည်း ယနေ့ သင်္ကြန်အကြိုနေ့တွင် ရန်ကုန်အပါအဝင် မြို့အသီးသီးတွင် ခြောက်ကပ်တိတ်ဆိတ်နေသည်ကို တွေ့ရသည်။ စစ်ကောင်စီသင်္ကြန်တွင် မပါဝင်လိုသည့် ပြည်သူအများစုသည် အထူးသဖြင့် လွန်ခဲ့သည့်နှစ်ရက်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း လူရာချီ သေဆုံးမှုကြောင့် ပို၍ပင် တိတ်ဆိတ်နေကြခြင်း ဖြစ်သည်။ တိုင်းပြည်အေးချမ်းနေသယောင် ပုံဖော်ချင်သည့် စစ်ကောင်စီကလည်း ဌာနဆိုင်ရာ ဝန်ထမ်းများကို ခွဲတမ်းချပြီး ရေကစားကြရန် ညွှန်ကြားထားသည်။

Show More

Related Articles

Back to top button