အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံ

“ခြေထောက်နဲ့ လက်နဲ့ လေးခု တွေ့ရင် အော်…ဒါ တစ်ဦးပဲ အဲ့လိုပဲ တွက်ရတာ”

စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချ၊ ရဟတ်ယာဉ်နှင့် ပစ်ခတ်ပြီး နောက်တစ်ရက်ကြာ ယနေ့ (ဧပြီ၁၂) အထိ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာရှိ မြေကွက်လပ်တစ်ခုအတွင်း ဟိုတစ်စသည်တစ်စ ပြန့်ကျဲနေသော အလောင်းများနှင့် ခန္ဓာကိုယ်အပိုင်းအစများကို လိုက်လံကောက်ယူနေရဆဲဖြစ်သည်။

ဧရာဝတီမြစ်အနောက်ဘက်ကမ်း မြေပြန့်လွင်ပြင်ပေါများသည့် ပဇီကြီးရွာ၌ ရွာပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ရုံးဖွင့်ပွဲ၊ အကျွေးအမွေးဖြင့် ဧည့်ခံနေချိန် ကလေး၊ ကျား၊မ အရွယ်စုံ ဦးရေ ၂၀၀ ခန့် ရှိနေစဉ် ဧပြီ ၁၁ ရက်၊ နံနက် ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲပြီး ရဟတ်ယာဉ်နှင့်ပါ ဆက်တိုက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

၂၄ နာရီကျော်သည်အထိ သေဆုံးသူဦးရေ၊ ကျား၊မ၊ ကလေးသူငယ် ခွဲခြားမရသည်အထိ ရုပ်အလောင်းများ၏ အခြေအနေမှာ ဆိုးရွားလှသည်။ တစ်ကိုယ်လုံး မီးကျွမ်းသေဆုံးနေသူများ၊ ခေါင်း၊ ကိုယ်၊ ခြေ၊ လက် တခြားစီဖြစ်နေသူများ၊ အသားစိုင်များ၊ အခွေလိုက်ကျနေသည့် အူများကို မြေကွက်လပ်အနှံ့တွင် ကူညီကယ်ဆယ်ရေးသမားတို့က လိုက်လံရှာဖွေ၊ စုဆောင်း၊ စိစစ်နေရဆဲ။

ယနေ့ နံနက်ပိုင်းအထိ ၁၅ နှစ်အောက် ကလေးသူငယ်ရုပ်အလောင်း ၃၀ ကျော် အပါအဝင် ရုပ်အလောင်း ၁၀၀ နီးပါးကိုသာ ကယ်ဆယ်ရေးအဖွဲ့က ကောက်ယူထားနိုင်သည်၊ မည်သူမည်ဝါ ခွဲခြား၍ မရဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကန့်ဘလူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ တပ်ရင်း (၄) တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button