အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံ

ရေစကြိုမြို့နယ်၊ မအူရဲစခန်းကို တော်လှန်ရေးအဖွဲ့များ ဝင်ရောက်တိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ မအူရဲစခန်းကို ယမန်နေ့(ဧပြီ ၃) နံနက် ၅နာရီအချိန်တွင် စတင်၍ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သည့်ရုပ်သံဖိုင်ကို ထိုမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ယနေ့ ထုတ်ပြန်လိုက်သည်။

ထိုတိုက်ခိုက်မှုတွင် မအူရဲစခန်းမှူး မြင့်ကျော် ဆိုသူ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ဦး သေဆုံးကာ လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရမိခဲ့သည်ဟု ရေစကြိုမြို့နယ် ပကဖ က ထုတ်ပြန်ထားသည်။

တစ်နာရီခန့် ပစ်ခတ်တိုက်ခိုက်မှုအပြီး ရဲစခန်းအား ဝင်ရောက်စီးနင်း မီးရှို့နေချိန် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်သဖြင့် နောက်ဆုတ်ခဲ့ရကြောင်း၊ ထိုစခန်းသိမ်းတိုက်ပွဲ ပြုလုပ်နေစဉ် မြေပြင်မှ စစ်ကူလာသော အင်အား ၃၀ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း မိုင်းဆွဲပြီး ကြားဖြတ်တိုက်ခိုက်ရာ ၁၇ဦး သေဆုံးသည်ဟု တော်လှန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ထိုအရေအတွက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

အဆိုပါ တိုက်ိခုက်မှုကို ရေစကြို(ပကဖ) ၊ Salingyi Special Tesk Force(SSTF) ၊ မြိုင် ပကဖ တပ်ရင်း ၂ နှင့် Myanmar Royal Dragon Army (MRDA) တို့ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်ပြီး တိုက်ခိုက်မှုအတွင်း ဒရုန်းတစ်စင်း ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ရဲဘော်နှစ်ဦး ဒဏ်ရာရခဲ့သော်လည်း မစိုးရိမ်ရကြောင်းကြောင်း ရေစကြို(ပကဖ) က ထုတ်ပြန်သည်။

https://youtu.be/8mZIWY-8fys

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button