
ကချင်ပြည်နယ် ဒေသခံအချင်းချင်း အေးအတူပူအမျှ နေထိုင်ရေး ဦးဆောင်လှုပ်ရှားနေသော ဦးကျော်ထွေးမောင် ခေါ် ရှဒေါင်ယော်ဇက်တွင် ပြောစရာ များစွာ ရှိနေသည် ကေဇွန်နွေး/Myanmar Now ရှမ်းနီ (တိုင်းလိုင်) နှင့် ကချင်များကြား အကျိုးဆောင်ပေးရာတွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှ ဦးကျော်ထွေးမောင် ခေါ် ရှဒေါင်ယော်ဇက်တွင် အားသာချက် တစ်ခု ရှိနေသည်။ ထိုအချက်မှာ ရှမ်း၊ ကချင် ကပြား ဖြစ်နေသည် ဟူသော အချက်ပင်။ ဒေသတွင်း ဆယ်စုနှစ်များစွာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတို့ကြောင့် ပေါ်ပေါက်လာသည့် ကချင်၊ ရှမ်းနီ ဒေသခံ အချင်းချင်း နားလည်မှုလွဲခြင်း၊ ပဋိပက္ခဖြစ်ခြင်းတို့ လျော့နည်း ပပျောက်သွားစေရန်လည်း အများအပြားက ကြိုးပမ်း ထိန်းသိမ်းနေကြသည်။ မိုးကောင်း အခြေစိုက် All to One ပြည်သူလူထု အခြေပြု ပူးပေါင်းကူညီမှု ကွန်ရက်ကို ဘုန်းတော်ကြီးတချို့နှင့် ပူးပေါင်း တည်ထောင်ပြီး အတွင်းရေးမှူး တာဝန် ယူထားသည့် ဦးကျော်ထွေးမောင်က ၎င်းတို့၏ ကြိုးပမ်းချက်များအကြောင်း ပြောပြထားသည်။
[youtube https://www.youtube.com/watch?v=aGmy1ppKPYU]