
ဘဲဥဇာတ်ကောင်ဖန်ဆင်းရှင် ကာတွန်းသန့်စင်
ဘဲဥကာတွန်းဇာတ်ကောင်နဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့တဲ့ ကာတွန်းသန့်စင် (ဘဲဥ) ဟာ ကာတွန်းရေးဆွဲတဲ့ အလုပ်တစ်ခုတည်းနဲ့ နှစ်ပေါငး် ၄၀ ကျော် အသက်မွေးဝမ်းကျောင်းပြုခဲ့သူ ဖြစ်ပါတယ်။ စာပါတဲ့ကာတွန်းရော စာမဲ့ကာတွန်းပါ လုံးချင်းကာတွန်းစာအုပ်တွေ ရာနဲ့ချီ ထွက်ရှိပြီးဖြစ်ပါတယ်။ ကာတွန်းဆွဲတာကို ဝါသနာပါတဲ့အတွက် အခုအသက် ၆၂ နှစ်အထိ ကျန်းမာရေး မကောင်းတဲ့ ကြားက သတင်းစာတွေ၊ စာစောင်တွေမှာ ကာတွန်းဆွဲနေဆဲဖြစ်ပါတယ်။ လူတွေကိုပျော်စေချင်တဲ့အတွက် ဘဲဥဇာတ်ကောင်ကို ဟာသစွက်ပြီး ရေးဆွဲ ဖန်တီးခဲ့တယ်လို့ ကာတွန်းဆရာက ပြောပြပါတယ်။ (ရိုက်ကူး၊ တည်းဖြတ် – ကေဇွန်နွေး/Myanmar Now)
[youtube https://www.youtube.com/watch?v=zqFGkBWkimQ]