အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပလက်ဝတွင် နှစ်လကြာမည့် ညမထွက်ရအမိန့်ထုတ်

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် နယ်စပ်၊ ပလက်ဝမြို့နယ်တွင် နိုဝင်ဘာ ၉ ရက်မှစ၍ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ပလက်ဝမြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနက ထုတ်ပြန်လိုက်သည်။

နှစ်လအထိ ကြာရှည်မည့် အဆိုပါအမိန့်ကြောင့် ပလက်ဝတွင် ည ၆ နာရီမှ မနက် ၆ နာရီအတွင်း ခွင့်ပြုချက်မရှိဘဲ အပြင်ထွက်ခွင့်ရမည်မဟုတ်တော့ပါ။

“အကြမ်းဖက်​​သောင်းကျန်းသူများက မိုင်း​ထောင်​ဖောက်ခွဲခြင်း၊ ​ချောင်း​မြောင်းတိုက်ခိုက်ခြင်းနှင့် အပြစ်မဲ့ ပြည်သူများအား တိုက်ခိုက်ခြင်းနှင့် ​ခေါ်​ဆောင်ခြင်းများပြုလုပ်​နေ​သော​ကြောင့်” ယခုကဲ့သို့ ညမထွက်ရအမိန့် ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု ပလက်ဝမြို့နယ် အုပ်ချုပ်​ရေးမှူး ကိုး​အောင် ဆိုသူက လက်မှတ်ရေးထိုးထားသည့် ယင်းထုတ်ပြန်ချက်တွင်အကြောင်းပြထားသည်။

ယခင်က မြောက်ဦး၊ မင်းပြား၊ ကျောက်တော် နှင့် ပုဏ္ဏားကျွန်းမြို့များတွင်သာ ညမထွက်ရအမိန့် ထုတ်ပြန် ထားခဲ့ခြင်း ဖြစ်ပြီး ချင်းပြည်နယ် ပလက်ဝမြို့ မပါဝင်ခဲ့ဘဲ ယခုမှ စတင်ထုတ်ပြန်ခြင်း ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပလက်ဝနှင့် ကျောက်တော်အကြား ဒေသများသည် ရက္ခိုင့်တပ်တော် AA လှုပ်ရှားနေသည့် နေရာများလည်း ဖြစ်သည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ မှ စက်တင်ဘာ ၁၄ အထိ ပလက်ဝမြို့နယ် မှ လူ ၈၂ ဦးကို AA က ဖမ်းသွားခဲ့ပြီး ပြန်မလွှတ်သေးဟု အောက်တိုဘာ ၃၁ တွင် သမ္မတရုံးက သတင်းထုတ်ပြန်သည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူများ ပြန်လည်လွတ်မြောက်လာစေရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ လိုအပ်သလို ကူညီဆောင်ရွက်ပေးနိုင်ရန် တင်ပြထားရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကို ကိုးကားပြီး အဆိုပါသတင်းတွင် ရေးသားထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၃ တွင်လည်းပလက်ဝမှပြန်လာသည့် NLD အမတ်နှင့် အိန္ဒိယနိုင်ငံသား ငါးဦးအပါအဝင် လူ ၁၀ ဦးကို AA က ဖမ်းဆီးခဲ့သေးသည်။ ဖမ်းခံရသူများအနက် အိန္ဒိယနိုင်ငံသားတစ်ဦး သေဆုံးသွားပြီးနောက် အခြားသူများကို ပြန်လွှတ်ပေးခဲ့သော်လည်း ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော် NLD အမတ် ဦးဝှေ့တင်းကို ဆက်လက်ဖမ်းဆီးထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button