ရုပ်သံသတင်း

YMBA အသင်းသားများ စည်းလုံးညီညွတ်စွာ လုပ်ကိုင်ကြရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာရောက် သြဝါဒပေး

ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ်(YMBA)၏ ရာသက်ပန်နာယကဖြစ်သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ (အောက်တို ဘာ၂၂ ရက်) ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ YMBAအသင်းသို့ လာရောက်ကာ အသင်းသားများ စည်းလုံးညီညွတ်စွာ လုပ်ကိုင်ကြရန် ဩဝါဒပေးခဲ့သည်။

YMBA အဖွဲ့တွင် တရားမဝင်အဖွဲ့ နှင့် တရားဝင်အဖွဲ့ဆိုကာ ပြဿနာများ ဖြစ်ပေါ်နေပြီး လက်ရှိတွင် YMBA ဒုဥက္ကဋ္ဌ ဦးသက်ထွန်းက YMBA ဒုဥက္ကဋ္ဌဟောင်း ဦးသန်းလွင်၊ ဗဟိုအလုပ်အမှုဆောင်ဟောင်း ဦးစိုးမိုးလှိုင်နှင့် ဦးဇော်မြင့်တို့ ၃ ဦးတို့ကို ဆက်သွယ်ရေးဉပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် ပုဇွန်တောင်ရဲစခန်းတွင် အမှုဖွင့်ထားသည်။ တရားစွဲခံရသူ ဦးသန်းလွင်ပါ ၃ ဦးသည် ရန်ကုန်ခေတ်သစ်သတင်းဌာန၏ ဖေ့ဘွတ်ခ်လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည့် ‘တပ်ချုပ်ကို ဘွဲ့ပေးသည့် YMBAအဖွဲ့ သူပိုင်ငါပိုင် အငြင်းပွားနေ’ ဟူသည့် သတင်းတွင် အင်တာဗျူး ဖြေကြားခဲ့သူများဖြစ်ပြီး အဆိုပါသတင်းနှင့်ပတ်သက်၍ တရားစွဲခံရခြင်းဖြစ်သည်။

[youtube https://youtu.be/7sEVWFIOELo]

Show More

Related Articles

Back to top button