
ဖမ်းဆီးခံထားရတဲ့ Eleven သတင်းသမားသုံးဦးကို အာမခံပေးမပေး အောက်တိုဘာ (၂၆) ရုံးချိန်းမှာ တာမွေမြို့နယ်တရားရုံးက အမိန့်ချမှာဖြစ်ပါတယ်။
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲဆိုခံထားရတဲ့ Eleven ဂျာနယ်တွင် ပါရှိသော ဆောင်းပါးတစ်ပုဒ်ကြောင့် အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ နရီမင်း၊ သတင်းထောက်ချုပ် ကိုဖြိုးဝေတို့ကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ရန်ကုန်တိုင်း ဒေသကြီး အစိုးရက တရားစွဲထားတာဖြစ်ပါတယ်။
အောက်တိုဘာ (၁၇)ရက် ဒီကနေ့ရုံးချိန်းမှာ တရားလိုဖြစ်တဲ့ ရန်ကုန်တို်င်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်ကိုစတင်စစ်ဆေးနေပြီဖြစ်ပြီး နောက်အပတ် ရုံးချိန်းမှာဆက်လက်စစ်ဆေးသွားမှာဖြစ်ပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက်က ရန်ကုန်တိုင်းဝန်ကြီးချုပ်(ယခုဒုသမ္မတ – ၁) ဦးမြင့်ဆွေအစိုးရက လျှပ်တစ်ပြက် ဂျာနယ်ကို အလားတူ ပုဒ်မ ၅၀၅ (ခ)နဲ့စွဲဆိုခဲ့တဲ့
အမှုကို အာမခံပေးခဲ့တာမျိုးရှိပြီး အဲ့ဒီပုဒ်မနဲ့ အာမခံရရှိခဲ့တဲ့ အမှုတွေရှိကြောင်းလည်း Eleven သတင်းဌာနဘက်က လိုက်ပါဆောင်ရွက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဒီကနေ့ တရားခွင်မှာ တင်ပြခဲ့တာဖြစ်ပါတယ်။
ရိုက်ကူး/တည်းဖြတ် – ကေဇွန်နွေး (Myanmar Now)
[youtube https://youtu.be/0G6v5ZbdEMw]