သတင်း

ကွတ်ခိုင်တွင် တအာင်းအဖွဲ့နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အရှေ့ဘက်တွင် တပ်မတော်နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ TNLA တို့အကြား ယနေ့မနက် အစောပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိသည်ဟု TNLA အဖွဲ့က ပြောသည်။

ကွတ်ခိုင်မြို့နယ် မန်စပ်ရွာနှင့် နောင်ပိုက်ရွာအကြားတွင် ရှိနေသည့် တအာင်းတပ်ဖွဲ့များကို တပ်မတော်က လာရောက်တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲ ဖြစ်ပွားရခြင်းဖြစ်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိကြောင်း TNLA က ယနေ့မနက်တွင် ထုတ်ပြန်သည်။

မနက် နာရီမှ စတင်ပြီး နာရီခန့် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း TNLA တစ်ဦး ကျဆုံးပြီး တပ်မတော်ဘက်က ဦး ကျဆုံးကြောင်း TNLA ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် ယင်းဖြစ်စဉ်ကို Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်တော်သတင်းမှန်ပြန်ကြားရေးမှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ယနေ့ ညနေ ၄ နာရီခန့်အထိ ဆက်သွယ်၍ မရသေးပေ။

ယနေ့မနက် နာရီခွဲခန့်က ကွတ်ခိုင်မြို့နယ် အရှေ့ဘက် တစ်မိုင်ခန့်အကွာရှိ တရုတ်သင်္ချိုင်းအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီး လက်နက်ငယ် အသံများကို ကွတ်ခိုင်မြို့ပေါ်မှပင် ကြားရကြောင်း ကွတ်ခိုင် ပြည်နယ်လွှတ်တော်အမတ် ဦးအိုက်မွန်းက ပြောသည်။

မနက်စောစောပိုင်းကဖြစ်သွားတာ၊ ရွာနဲ့ နည်းနည်းဝေးတယ်ဟု ဦးအိုက်မွန်းက ပြောသည်။

ယခုလ ရက်နေ့ကလည်း စစ်ကား စီး ပါဝင်သည့် တပ်မတော်ယာဉ်တန်းတစ်ခုကို TNLA က သိန္နီမြို့ထဲတွင်တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြို့ခံ ဦး ဒဏ်ရာရခဲ့သည်။

သြဂုတ်လ ၁၅ ရက်မှ စတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ TNLA ရခိုင်လက်နက်ကိုင်အဖွဲ့ AA နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA တို့ပါဝင်သည့် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့တို့အကြား တစ်ကျော့ပြန်တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ပွားခဲ့သည်။

တပ်မတော်က ယခုနှစ် စက်တင်ဘာ ၂၁ ရက်အထိ ကိုးလကြာ တစ်ဖက်သတ် အပစ်အခတ် ရပ်စဲခဲ့ပြီး မြောက်ပိုင်းသုံးဖွဲ့ကလည်း ဒီဇင်ဘာ ၃၁ ရက်အထိ တစ်ဖက်သတ် အပစ်အခတ် ရပ်စဲကြောင်း ထုတ်ပြန်ထားသော်လည်း တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

တပ်မတော်နှင့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ လေးဖွဲ့တို့အကြား နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲရေးလက်မှတ် ရေးထိုးနိုင်ရေးအတွက် အလွတ်သဘော တွေ့ဆုံမှု ငါးကြိမ်ထက်မနည်း ပြုလုပ်ခဲ့သော်လည်း တိကျသည့်အဖြေကို မရရှိသေးသည့်အတွက် အောက်တိုဘာလအတွင်း ထပ်မံတွေ့ဆုံရန် သဘောတူထားကြသည်။

Show More

Related Articles

Back to top button