
“ဖြိုးမင်းသိန်းကိုယ်တိုင်က လုံးဝလက်မခံပါဘူးဆိုတာကို ကျွန်မတို့ ကရင်ရေးရာဝန်ကြီးက(ထံကနေ) သိရပါတယ်။
ကရင်အာဇာနည်နေ့ကို ရန်ကုန်တိုင်းဝန်ကြီးချုပ်က လာပြီးသတ်မှတ်စရာ အကြောင်းမရှိပါဘူး။ ဥပဒေနဲ့အညီလုပ်တဲ့ဟာကို ရန်ကုန်တိုင်းအစိုးရက ဖိအားပေးလုပ်တဲ့ကိစ္စမှာ ဌာနဆိုင်ရာတွေကလည်း ပူးပေါင်းပါဝင်ပေးတဲ့အတွက် ကျွန်မတိုင်စာပို့ပါ့မယ်။ လက်မခံပါဘူး အယူခံတက်ပါ့မယ်”
ကရင့်အာဇာနည်နေ့ ကျင်းပခဲ့သည့်အတွက် နော်အုန်းလှနှင့် ကရင်လူငယ် နှစ်ဦးအား ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် တရားရုံးက ယနေ့နံနက်တွင် ထောင်ဒဏ် ၁၅ ရက်စီ ချမှတ်လိုက်ပြီး ချုပ်ရက်ကို ထုတ်နုတ်ခံစားခွင့် ပြုသဖြင့် ၎င်းတို့ သုံးဦးမှာ ယနေ့ လွတ်မြောက်လာပြီဖြစ်သည်။
ဆက်စပ်သတင်းများ ကရင့်အာဇာနည်နေ့ ကျင်းပခဲ့သူများအား ထောင် ၁၅ ရက်စီ ချမှတ်
နော်အုန်းလှတို့ကို အမိန့်ချမည့်နေ့ တရားရုံးရှေ့ လူထောင်ချီ စုဝေးမည်
[youtube https://youtu.be/o-Lq3grgvO8]