အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ကရင့်အာဇာနည်နေ့ ဦးဆောင်ကျင်းပသူများအား လွှတ်ပေးရန်တောင်းဆို

“အခုဖြစ်သွားတဲ့ကိစ္စသည် ရန်ကုန်တိုင်းမှာဖြစ်တယ်၊ ရန်ကုန်တိုင်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့ ဘယ်သူ့မှာ တာဝန်အရှိဆုံးထင်လဲ အဖြေက ရှင်းရှင်းလေးပေါ့ တာဝန်အရှိဆုံးလူကသာလျှင် ဒီကိစ္စကို တရားစွဲတဲ့ကိစ္စကို သူကိုယ်တိုင်က လာပြီး ဖျက်သိမ်းသင့်တယ် သူကိုယ်တိုင် ကျွန်တော်တို့ကို လာတောင်းပန်သင့်တယ် အဲဒီလောက်အထိ ကျွန်တော်ပြောချင်တယ်”

စောအဲလ်ဘတ်ချို

ရန်ကုန်မြို့လယ်တွင် ကရင့်အာဇာနည်နေ့ အခမ်းအနား ကျင်းပခဲ့သည့်အတွက် ဖမ်းဆီးခံထားရသူများအား ယနေ့နံနက် ရန်ကုန်မြို့ကျောက်တံတား တရားရုံးတွင် ရုံးထုတ်စစ်ဆေးရာ KNU ခေါင်းဆောင်တချို့အပါအဝင် လူ ၂၀၀ နီးပါး လာရောက်ဝန်းရံခဲ့သည်။ ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံရှေ့တွင် ဩဂုတ် လ ၁၂ ရက် က (၆၉)နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနား ဦးဆောင်ကျင်းပခဲ့၍ ကရင်အမျိုးသမီး အစည်းအရုံးဥက္ကဋ္ဌ နော်အုံးလှ နှင့် ကရင်လူငယ်များဖြစ်သည့် စောအဲလ်ဘတ်ချို၊ စသိန်းဇော်မင်း တို့ သုံးဦးကို ငြိမ်းစုစီဥပဒေ ပုဒ်မ ၂၀ ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

[youtube https://youtu.be/mQXELIYiScs]

Related Articles

Back to top button