
“လူသတ်ရဲတယ်ဆိုတဲ့ လူတွေထက် သေနတ်ပြောင်းဝကို ရင်ထိုးခံပြီးတော့ … ဒါအချုပ်ခန်းထဲမှာနော် အပြင်မှာမဟုတ်ဘူး … ခုလို ဂီတာလေးတီးပြီး၊ ချောကလက်လေးစားပြီး လူ့အခွင့်အရေး ထိုင်အော်နေတဲ့အချိန်မဟုတ်ဘူး။ သေနတ်ပြောင်းဝကို ရင်ကော့ပြီး စစ်အစိုးရကို ရင်ဆိုင်ခဲ့ရတာ။ ရုပ်ရှင်ရိုက်တယ် ဆိုတာလည်း နာကြည်းချင်လို့မဟုတ်ဘူး၊ မှတ်တမ်းတင်ချင်လို့ တိုင်းပြည်မှာ ဒီလိုလူတွေခံခဲ့လို့ ခု ဒီနေ့ခေတ်မှာ ဒီလိုပြောခွင့်ရနေကြတာ”
ဇာဂနာ (၁၉၉၀ စက်တင်ဘာ ၂၅ အင်းစိန်ထောင်တွင်းသပိတ်တိုက်ပွဲ ၂၉ နှစ်ပြည့်အခမ်းအနား)
အင်းစိန်ထောင်တွင်းသပိတ်တိုက်ပွဲ ၂၉ နှစ်ပြည့်အခမ်းအနားကို ရန်ကုန်မြို့ M3 food centerတွင် ယနေ့ကျင်းပခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အပြတ်အသတ်အနိုင်ရခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ပေးရန် အင်းစိန်ထောင်တွင်း အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသားများက ထောင်တွင်းသပိတ်တိုက်ပွဲကို ဆင်နွှဲခဲ့ကြသည်။
ယင်းသပိတ်ကို စစ်ထောက်လှမ်းရေးနှင့် ထောင်အာဏာပိုင်များက အကြမ်းဖက် ရိုက်နှက်ဖြိုခွဲခဲ့ပြီး၊ အချို့ကို စစ်ခွေးတိုက်တွင် တိုက်ပိတ် ပြစ်ဒဏ်ပေးခဲ့သလို၊ အချို့ကိုလည်း နယ်ထောင်အသီးသီးကို ပြောင်းရွှေ့ခဲ့သည်။
[youtube https://youtu.be/2jXTVrWjOTs]