ရန်ကုန်မြို့လယ်တွင် ကရင့်အာဇာနည်နေ့အခမ်းအနားကျင်းပခဲ့သည့်အတွက် ဖမ်းဆီးခံထားရသည့် နော်အုန်းလှနှင့် ကရင်လူငယ်များအား ယနေ့နံနက်တွင် ရန်ကုန်မြို့ ကျောက်တံတားတရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။
ကရင်အမျိုးသမီးအစည်းအရုံးဥက္ကဋ္ဌ ဒေါ်နော်အုံးလှနှင့် ကရင်လူငယ်များဖြစ်သည့် လှစောအဲလ်ဘတ်ချို၊ စသိန်းဇော်မင်းတို့ သုံးဦးသည် ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံရှေ့တွင် ဩဂုတ် ၁၂ က အခြားကရင်တိုင်းရင်းသားများနှင့် စုပေါင်း၍ (၆၉)နှစ်မြောက် ကရင်အာဇာနည်နေ့အခမ်းအနား ကျင်းပခဲ့ပြီးနောက် ငြိမ်းစုစီဥပဒေ ပုဒ်မ ၂၀ ဖြင့် တရားစွဲခံနေရခြင်းဖြစ်သည်။
ယနေ့ရုံးထုတ်တွင် နိုင်ငံတစ်ဝန်းရှိ ကရင်အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ ကရင်လူမျိုးများ ၈၀ခန့် လာရောက်ဝန်းရံခဲ့ကြပြီး တိုင်းရင်းသားအခွင့်အရေး တန်းတူညီမျှရရှိရေး ဟစ်ကြွေးတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
ရိုက်ကူးတည်းဖြတ်- စိုင်းဇော် / Myanmar Now
[youtube https://youtu.be/czmTHTmURMQ]