လွန်ခဲ့သည့် လေးနှစ်က ထိုင်း-မြန်မာ နယ်စပ် ရနောင်းမြို့တွင် ထိုင်းကျောင်းသူတစ်ဦး သတ်ဖြတ်ခံခဲ့ရပြီးနောက် ထိုင်းရဲက မြန်မာရွှေ့ပြောင်းလုပ်သား လူငယ်လေးဦးကို ဖမ်းဆီးခဲ့ပြီး လူသတ်မှုကျူးလွန်ကြောင်း ဝန်ခံခိုင်းခဲ့သည်။
ထိုင်းရဲများ လက်ထဲရှိနေစဉ် နှိပ်စက်ညှဉ်းပန်းမှုကို မခံနိုင်သည့်အဆုံး လူသတ်ခဲ့ကြောင်း ဝန်ခံခဲ့သည့် မြန်မာလုပ်သားများအား ထောင်ဒဏ် နှစ်နှစ်မှ ရှစ်နှစ် အတွင်း ပြစ်ဒဏ်ချခဲ့သည်။
သို့သော် ပြီးခဲ့သည့် ဇွန်လအတွင်းက ထိုင်းတရားရုံးတစ်ခုက မြန်မာလုပ်သားများသည် အပြစ်မရှိကြောင်း ဆုံးဖြတ်ပြီး ပြန်လွှတ်ပေးခဲ့သည်။
ထိုင်းရဲလက်ထဲရှိနေစဉ် ခံစားခဲ့ရသည့် နှိပ်စက်ညှဉ်းပန်းမှုများအကြောင်း မြန်မာလုပ်သားများက ပြန်ပြောင်းပြောပြခဲ့သည်။
ရိုက်ကူးတည်းဖြတ် – မုန်ဆန်အောင်/Myanmar Now
[youtube https://youtu.be/zIzs8MhTT58]