သတင်း

ကွတ်ခိုင်တွင် တပ်နှင့်TNLA တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကုန်းဆာရွာအနီးတွင် တပ်မတော်နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ TNLA တို့ ယနေ့မနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွားသည့်အတွက် ကုန်းဆာရွာ တစ်ရွာလုံးနီးပါးမှာ အနီးအနားကျေးရွာများသို့ စစ်ရှောင်နေရသည်ဟု ကွတ်ခိုင်မြို့ရှိ စစ်ရှောင်ကူညီရေးအဖွဲ့က ပြောသည်။

ယနေ့မနက် နာရီခန့်က ကုန်းဆာရွာအနီး ကုန်းဆာတောင်ကြောပေါ်ရှိ TNLA မှ တပ်မဟာ ၅၊ တပ်ရင်း ၂၂၃ တို့ တပ်စွဲထားသည့် စခန်းနေရာကို တပ်မတော်က လာရောက်တိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ကြောင်း TNLA ပြောခွင့်ရအရာရှိ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

တိုက်ပွဲကတော့ အခုထိဖြစ်နေတုန်းပဲ ကွတ်ခိုင်တပ်ဘက်ကနေလည်း ၁၀၅ မမ အမြောက်တွေနဲ့ ပစ်ကူပေးနေတုန်းပဲဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က နေ့လယ်  နာရီခန့်က ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုအခြေအနေနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို Myanmar Now က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

တိုက်ပွဲစဖြစ်သည်နှင့် ကုန်းဆာရွာအတွင်းမှ တစ်ရွာလုံးနီးပါးမှာ နီးစပ်ရာကျေးရွာများနှင့် ဆွေမျိုးများရှိရာ ကျေးရွာများသို့ ထွက်ပြေးကြကြောင်း စစ်ရှောင်များအရေးကူညီပေးနေသည့် ကွတ်ခိုင်မြို့နယ် စစ်ရှောင်များကူညီကယ်ဆယ်ရေးကွန်ရက်မှ မမိုင်းမိုင်က ပြောသည်။

နမ့်ဟူးဒဲ့ဘုန်းတော်ကြီးကျောင်းတွင် ကုန်းဆာရွာမှ စစ်ရှောင်အယောက် ၂၀ ခန့် ရောက်ရှိနေပြီး တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် နီးသည့် မန်နောင်နှင့် နမ့်ပါချီးကျေးရွာများမှ ဒေသခံများလည်း ကြောက်လန့်ကာ ရွာပြင်မထွက်ရဲကြကြောင်း မမိုင်းမိုင်က ပြောသည်။

လောလောဆယ်တော့ သူတို့(စစ်ရှောင်) ကွတ်ခိုင်မြို့ပေါ်ကို ရောက်မလာသေးဘူး။ အခြေအနေ စောင့်ကြည့်ဦးမယ်လို့တော့ ပြောတယ်ဟု မမိုင်းမိုင်က ပြောသည်။

၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်နေ့က စတင်ခဲ့သည့် တပ်မတော်၏ လကြာ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲမှုမှာ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကုန်ဆုံးခဲ့သည်။

တအာင်းလက်နက်ကိုင်အဖွဲ့ TNLA ရခိုင်လက်နက်ကိုင်အဖွဲ့ AA နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA တို့ ပါဝင်သည့် မြောက်ပိုင်းလက်နက်ကိုင် ဖွဲ့ကတော့ ၎င်းတို့ကြေညာထားသည့် အပစ်ရပ်သက်တမ်းကို ဒီဇင်ဘာ ၃၁ ရက်နေ့အထိ သက်တမ်း ထပ်မံတိုးမြှင့်ထားသည်။

သြဂုတ် ၁၅ ရက်က ပြင်ဦးလွင်နှင့် နောင်ချိုမြို့နယ်များရှိ နေရာ ခုကို မြောက်ပိုင်း ဖွဲ့က ဝင်ရောက် တိုက်ခိုက်ပြီးနောက်တွင် တပ်မတော်နှင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ကွတ်ခိုင်မြို့နယ်ထဲတွင် ဒေသခံ ၁၂၀၀ ခန့် စစ်ရှောင်ခဲ့ကြရသည်။

အစိုးရနှင့် မြောက်ပိုင်း ဖွဲ့တို့အကြား နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် Bilateral ရေးထိုးနိုင်ရေးအတွက် စက်တင်ဘာ ၁၇ ရက်နေ့က ကျိုင်းတုံမြို့တွင် တွေ့ဆုံခဲ့ကြသော်လည်း တိကျသည့်အဖြေ မရှိဘဲ နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံရန် သဘောတူခဲ့ကြသည်။

Show More

Related Articles

Back to top button