အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ကချင်လူငယ် မဆိုင်းနူးပန်နှင့် တွေ့ဆုံခြင်း

ရှေ့နေလည်းဖြစ်၊ Kachin State Youth Assembly ၏ ဥက္ကဋ္ဌလည်းဖြစ်သူ မဆိုင်းနူးပန်သည် မြန်မာ့တပ်မတော် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူ စစ်ဘေးရှောင် လူငယ်တစ်ဦးဖြစ်သည်။

သူ နှင့် အခြားကချင်လူငယ်ခေါင်းဆောင် ကိုပေါလုတို့သည် ယခုနှစ် ဇွန်လဆန်းပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကျင်းပသည့် ကချင်စစ်ပွဲ(၈)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားတွင် ကချင်စစ်ဘေးရှောင် ဒုက္ခသည်များအကြောင်း တေးသရုပ်ဖော် တင်ဆက်သည့်အတွက် စက်တင်ဘာလ အစောပိုင်းတွင် မြစ်ကြီးနားမြို့နယ်တရားရုံးက ထောင်ဒဏ် ၁၅ ရက် ချမှတ်ခဲ့သည်။

ယခုလ ၁၆ ရက်နေ့တွင် မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသည့် မဆိုင်းနူးပန်ကို Myanmar Now သတင်းဌာနက မြစ်ကြီးနားမြို့တွင် သွားရောက် တွေ့ဆုံမေးမြန်းထားပါသည်။

[youtube https://youtu.be/nmb9jBiwyDw]

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles