
“ကရင့် အာဇာနည်နေ့” ဆိုသည့် အသုံးအနှုန်းကြောင့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၂၀ ဖြင့် တရားစွဲဆိုခံထားရသည့် နော်အုန်းလှမှာ အာမခံရယူခြင်းမရှိသဖြင့် အင်းစိန်အကျဉ်းထောင်သို့ ယနေ့ခေါ်ဆောင်သွားပြီဖြစ်သည်။
ကရင်အမျိုးသမီးအစည်းအရုံး (KWU) ဥက္ကဋ္ဌ နော်အုန်းလှကို ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့က မနေ့ညက ဖမ်းဆီးခဲ့ပြီးနောက် ယနေ့မနက်တွင် ကျောက်တံတားမြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။
[youtube https://youtu.be/XSQrfy4L074]



