
တပ်မတော်က တရားစွဲဆိုထားသော ဒါရိုက်တာမင်းထင်ကိုကိုကြီးကို အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်ကျခံစေရန် အင်းစိန်မြို့နယ်တရားရုံးက ယနေ့ အမိန့်ချမှတ်လိုက်သည်။
ထောင်ဒဏ်တစ်နှစ်တွင် ချုပ်ရက်ကို ထုတ်နုတ်ခံစားခွင့်ပြုကြောင်း အင်းစိန်မြို့နယ် တရားသူကြီးက တရားခွင်တွင် ပြောဆိုသည်။
Ko Ko Gyi အမည်ဖြင့် ဖွင့်လှစ်ထားသော Facebook အကောင့်တွင် မတ်လ ၁၅ ရက်မှ ၂၂ ရက်အတွင်း တပ်မတော်နှင့် ပတ်သက်၍ ရေးသားပြောဆိုမှုကြောင့် ဦးမင်းထင်ကိုကိုကြီးကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက အင်းစိန်မြို့နယ်တရားရုံးတွင် ပုဒ်မ ၅၀၅(က)ဖြင့် ဧပြီလအတွင်းက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
[youtube https://youtu.be/0ORaQB1eURE]


