အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

7 July ချီတက်သည့်ကျောင်းသားများကို ဩဂုတ်လ ၂၀ ရက်နေ့အမိန့်ချမည်

7 July နေ့ အထိမ်းအမှတ် လမ်းလျှောက်ချီတက်ခဲ့သည့် ကျောင်းသားများကို တရားစွဲဆိုထားမှု ဩဂုတ်လ ၂၀ ရက်နေ့တွင် အမိန့်ချမည်ဖြစ်ကြောင်း ယနေ့ရုံးချိန်းတွင် လှိုင်မြို့နယ် တရားသူကြီးက ပြောဆိုသည်။ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ အရ ၆ လထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ တစ်သောင်းကျပ်ထက် မပိုသောငွေဒဏ်ဖြစ်စေ ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်နိုင်ခြင်းဖြစ်သည်။

၂၀၁၉ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် 7 July အထိမ်းအမှတ် ချီတက်လမ်းလျှောက်ခဲ့သည့် ဗကသများအဖွဲ့ချုပ်မှ ကျောင်းသား ၆ ဦးကို ကမာရွတ် မြို့နယ်တရားရုံးနှင့် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကျောင်းသား ၂ ဦးကို လှိုင်မြို့နယ်တရားရုံးတွင် ဇူလိုင်လ ၁၈ ရက်နေ့က ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

ဇူလိုင်လ ၇ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်အတွင်းရှိ ကျောင်းသားသမဂ္ဂ အဆောက်အအုံနေရာ (သမဂ္ဂမြက်ခင်းပြင်) ကို ဗကသများအဖွဲ့ချုပ်က စိုက်ပျိုးရေးမှတ်တိုင်မှ လမ်းလျှောက်ချီတက်ခဲ့သလို ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ကလည်း အင်းလျားကန်ပေါင်မှ သမဂ္ဂမြက်ခင်းပြင်ကို ချီတက်ခဲ့ကြခြင်းဖြစ်သည်။

တရားစွဲဆို ခံရသူ ၈ ဦးတွင် ၆ ဦးသာ အာမခံယူခဲ့ပြီး အာမခံမယူသည့် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဖြစ်သော ကိုမင်းဟန်ထက်နှင့် ကိုဇင်မင်းဖြိုးတို့ ၂ ဦးကိုအင်းစိန် ထောင်သို့ပို့ဆောင်ခဲ့သည်။

[youtube https://youtu.be/2TkjPKgEteY]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button