ရုပ်သံသတင်း

7 July ချီတက်သည့်ကျောင်းသားများကို ဩဂုတ်လ ၂၀ ရက်နေ့အမိန့်ချမည်

7 July နေ့ အထိမ်းအမှတ် လမ်းလျှောက်ချီတက်ခဲ့သည့် ကျောင်းသားများကို တရားစွဲဆိုထားမှု ဩဂုတ်လ ၂၀ ရက်နေ့တွင် အမိန့်ချမည်ဖြစ်ကြောင်း ယနေ့ရုံးချိန်းတွင် လှိုင်မြို့နယ် တရားသူကြီးက ပြောဆိုသည်။ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ အရ ၆ လထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ တစ်သောင်းကျပ်ထက် မပိုသောငွေဒဏ်ဖြစ်စေ ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်နိုင်ခြင်းဖြစ်သည်။

၂၀၁၉ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် 7 July အထိမ်းအမှတ် ချီတက်လမ်းလျှောက်ခဲ့သည့် ဗကသများအဖွဲ့ချုပ်မှ ကျောင်းသား ၆ ဦးကို ကမာရွတ် မြို့နယ်တရားရုံးနှင့် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကျောင်းသား ၂ ဦးကို လှိုင်မြို့နယ်တရားရုံးတွင် ဇူလိုင်လ ၁၈ ရက်နေ့က ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

ဇူလိုင်လ ၇ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်အတွင်းရှိ ကျောင်းသားသမဂ္ဂ အဆောက်အအုံနေရာ (သမဂ္ဂမြက်ခင်းပြင်) ကို ဗကသများအဖွဲ့ချုပ်က စိုက်ပျိုးရေးမှတ်တိုင်မှ လမ်းလျှောက်ချီတက်ခဲ့သလို ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ကလည်း အင်းလျားကန်ပေါင်မှ သမဂ္ဂမြက်ခင်းပြင်ကို ချီတက်ခဲ့ကြခြင်းဖြစ်သည်။

တရားစွဲဆို ခံရသူ ၈ ဦးတွင် ၆ ဦးသာ အာမခံယူခဲ့ပြီး အာမခံမယူသည့် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဖြစ်သော ကိုမင်းဟန်ထက်နှင့် ကိုဇင်မင်းဖြိုးတို့ ၂ ဦးကိုအင်းစိန် ထောင်သို့ပို့ဆောင်ခဲ့သည်။

[youtube https://youtu.be/2TkjPKgEteY]

Show More

Related Articles

Back to top button